spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းကုန်စည်တင်သွင်းရန် နယ်စပ်နှင့် ပြည်တွင်းရှိလမ်းပိုင်းအားလုံး ပိတ်ဆို့ခံထားရသဖြင့် မောတောင်ဒေသခံများ စားနပ်ရိက္ခာပြတ်လပ်

    ကုန်စည်တင်သွင်းရန် နယ်စပ်နှင့် ပြည်တွင်းရှိလမ်းပိုင်းအားလုံး ပိတ်ဆို့ခံထားရသဖြင့် မောတောင်ဒေသခံများ စားနပ်ရိက္ခာပြတ်လပ်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ မောင်တောင်မြို့ရှိ ထိုင်း-မြန်မာနယ်စပ်ဂိတ်တွင် ထိုင်းဘက်မှ ကုန်စည်တင်သွင်းခွင့်တစ်လနီးပါး ပိတ်ထားသည့်အပြင် တိုက်ပွဲများလည်းဆက်လက်ပြင်းထန်နေစဥ် နေရပ်သို့ ပြန်လာကြသည့်စစ်ဘေးရှောင်ဒေသခံများ စားနပ်ရိက္ခာများ ပြတ်လပ်နေသည်ဟု မြို့ခံများထံမှ သိရသည်။

    နယ်စပ်ကုန်စည်တင်သွင်းခွင့်ကို ထိုင်းနိုင်ငံဘက်မှ နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ ပိတ်ပင်ထားပြီး  ယခုရက်ပိုင်းအတွင်း တနင်္သာရီ-မောတောင်လမ်းပိုင်းရှိ သဲဖြူရွာတွင် တော်လှန်ရေးတပ်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေသဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလျှက်ရှိကြောင်း သိရသည်။

    ထို့ကြောင့် မောတောင်မြို့နှင့် အနီးအနားရှိကျေးရွာများတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား စသည့်ကုန်စည်များကို ရှာဝယ်၍မရသည့်အပြင် ကုန်စုံဆိုင်များတွင်လည်း အဆိုပါကုန်စည်များ ပြတ်လပ်နေသည်ဟု မြေပြင်ရောက်ဒေသခံတစ်ဦးက ပြောသည်။

    “စစ်ရှောင်အချို့ကတော့ နေရပ်ကိုပြန်သွားပြီး။ ဒါမဲ့ မြို့ထဲရွာထဲမှာက အခက်အခဲတွေအများကြီးနဲ့ ရင် ဆိုင်နေရတယ်။ ကုန်စုံဆိုင်တွေမှာဆို ရောင်းစရာဘာပစ္စည်းမှမရှိတော့ဘူး။ အိမ်တွေမှာဆိုလည်း ဆန်၊ ဆီတွေ မရှိတော့ဘူး။ သူတို့က နေရပ်ကိုပြန်ရောက်တဲ့အခါမှာ စားရေးသောက်ရေးအတွက် အခက်အခဲ ရှိနေတယ်”ဟု ၎င်းက ဆိုသည်

    အဆိုပါနယ်စပ်ဂိတ်ကို စစ်ကော်မရှင်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေအမျိုးမျိုးကြောင့် ထိုင်းဘက်မှ သွားလာခွင့်ပိတ်ထားသော်လည်း ကုန်စည်တင်သွင်းခွင့်ကို နားလည်မှုဖြင့် ခွင့်ပြုပေးထားပြီး ပြီးခဲ့သည့် နိုဝင်ဘာလက တိုက်ပွဲကြောင့် ကုန်စည်တင်သွင်းခွင့်ကို ပြန်လည်ပိတ်လိုက်ခြင်းဖြစ်သည်။

    ထို့ကြောင့် စစ်ဘေးရှောင်အရေးကူညီပေးနေသူများက ကုန်စည်တင်သွင်းခွင့်ပိတ်ထားသည့် နယ်စပ်ဂိတ်တွင် ကုန်စည်ပြန်လည်တင်သွင်းနိုင်ရန်အတွက် သက်ဆိုင်ရာ နယ်စပ်တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

    “ ကျနော်တို့က နယ်စပ်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးတော့ လောလောဆယ် တနင်္လာနေ့တစ်ရက်ကို ပေးသယ်တယ်။ ဒါမဲ့ နယ်စပ်ကနေတော့ ကားမပေးကျော်ဘူး။ နယ်စပ်မှာကားချိန်ရတာပေါ့။ အဲ့လို တော့လက်ခံတယ်။ ရိက္ခာတွေကတော့ လုံလောက်တယ်မရှိဘူး။ ဒေသခံတွေကလည်း များတာကိုး၊ အဆင်ပြေသလို ဝေမျှရတာပေါ့” အထက်ပါသူက ဆက်ပြောသည်။

    တော်လှန်ရေးပူးပေါင်းတပ်တို့က မောတောင်မြို့ကို မသိမ်းပိုက်မီကာလတွင် မြိတ်မြို့မှတစ်ဆင့် ကုန်စည်များ ဝယ်ယူတင်သွင်းနေသည့်အပြင် သဘော့လိပ်ကျေးရွာမှလည်း ဝယ်ယူ၍ ရရှိနေကြောင်း ဆိုသည်။

    မောတောင်ကို တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်ပြီးနောက် မြိတ်၊ သဘော့လိပ်မှ ဝယ်ယူနေသည့်ကုန်စည်များကို စစ်ကော်မရှင်တို့က တင်းကြပ်ထားခြင်းကြောင့် ယခင်ကလို ဝယ်ယူရန်မလွယ်ကူကြောင်း သိရသည်။

    လက်ရှိတိုက်ပွဲအခြေအနေနှင့် ပတ်သတ်၍ ဒေသခံတစ်ဦးက “မောတောင်မှာတော့ တိုက်ပွဲမဖြစ်တော့ဘူး။ တော်လှန်ရေးတပ်တွေက လုံခြုံရေးအပြည့်ချရတယ်။ တော်လှန်ရေးတပ်တွေက မောတောင်သိမ်းပြီးခဲ့ကတည်းက စစ်ကော်မရှင်တွေက သဲဖြူဘက် စစ်ကြောင်းထိုးလာတယ်။ အဲ့ကနေ တိုက်ပွဲစဖြစ်တာပဲ”ဟု မောတောင် ဒေသခံတစ်ဦးက ပြောသည်။

    ထိုတိုက်ပွဲကြောင့် ၎င်းလမ်းပိုင်းတစ်လျှောက်ရှိ သဲဖြူရွာနှင့် အနီးအနားရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts