spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်း(၁၄) ကြိမ်မြောက်မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ပနန်းပုံရွာတွင် ကျင်းပမည်

    (၁၄) ကြိမ်မြောက်မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ပနန်းပုံရွာတွင် ကျင်းပမည်

    -

    လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၄) ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသ၊ ပနန်းပုံရွာတွင် ကျင်းပသွားရန်ရှိကြောင်း မွန်လူငယ်များထံမှ စုံစမ်းသိရှိရသည်။

    မွန်လူငယ်များနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပနေသည့် မွန်လူငယ်ဆုံရပ် (MYF) မှ မော်လမြိုင်မြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ် မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ပနန်းပုံကျေးရွာတွင် ကျင်းပသွားရန် သဘောတူဆုံးဖြတ်လာခဲ့ကြခြင်း ဖြစ်သည်။

    ကွင်းပြင်၌ မွန်လူငယ်များနေ့အခမ်းအနားပြုလုပ်ခြင်းကို စစ်အာဏာသိမ်းနောက်ပိုင်း ရပ်နားထားရာမှ ယခုနှစ် (၁၄) ကြိမ်မြောက် မွန်လူငယ်များနေ့ကို မွန်ပြည်သစ်ထိန်းချုပ်နယ်မြေတွင် ကျင်းပမည်ဆိုသော်လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် ထိရောက်မှုရှိမည်မဟုတ်ကြောင်းလည်း မွန်လူငယ်တစ်ဦးက သုံးသပ်ပြောဆိုသည်။

    “မွန်လူငယ်များနေ့ကို လုပ်တဲ့ ရည်ရွယ်ချက်ကတော့ လူငယ်တွေ နိုင်ငံရေးမှာ ကဏ္ဍစုံလင် တာဝန်ထမ်းဆောင် ပါဝင်လာစေဖို့၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်နိုးကြားလာစေဖို့ပါပဲ။ ပြောရရင် လူငယ်တွေအနေနဲ့ မွန်အမျိုးသားပညာရေး၊ စီးပွားရေး၊ မိမိတို့တပ်တော်မှာ စစ်မှုထမ်းတာဝန်ဆောင်သူ ပိုများလာစေဖို့ ရည်ရွယ်ပြီး လုပ်တာပါ။ ယခင်အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီအကူးအပြောင်းကာလတုန်းကတော့ ကျနော်တို့က အခမ်းအနားမှာ လွတ်လွတ်လပ်လပ်နဲ့ ပြောလို့ရတယ်။ အခုလုပ်မယ်ဆိုရင်လည်း အခမ်းအနားမှာ အဲ message တွေကို တိုက်တွန်းပြောဆိုလို့ ရလောက်မှာ မဟုတ်တော့ဘူး” ဟု အထက်ပါ မွန်လူငယ်က ပြောသည်။

    အဆိုပါ အခမ်းအနားကို မည်သို့ ကျင်းပသွားရန်ရှိကြောင်း မွန်လူငယ်ဆုံရပ် (MYF) အဖွဲ့ တာဝန်ရှိသူများထံ လွတ်လပ်သော မွန်သတင်းသတင်းဂျင်စီဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

    မွန်လူငယ်များနေ့ အခမ်းအနားကို မွန်လူငယ်များကြား သွေးစည်းညီညွတ်မှုအင်အားကို မြှင့်တင်ရန်နှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်းနိုးကြားလာစေရန် ရည်ရွယ်ပြီး မွန်လူငယ်ဆုံရပ်အဖွဲ့မှ ဦးစီးပြီး နှစ်စဉ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပလာခဲ့သည်။

    စစ်အာဏာမသိမ်းခင်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် မွန်လူငယ်များနေ့အခမ်းအနားတွင် မွန်လူငယ်ခေါင်းဆောင်၊ မွန်နိုင်ငံရေးခေါင်းဆောင်နှင့် ဒေသအသီးသီးမှ ထောင်နှင့်ချီ မွန်လူငယ်များကို လွတ်လပ်စွာ ဟောပြောတိုက်တွန်းခြင်း၊ ပြိုင်ပွဲအစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်။

    မွန်လူငယ်များနေ့ အခမ်းအနားကို စစ်အာဏာသိမ်းနောက်ပိုင်း ပြည်တွင်းရှိ မွန်လူငယ်များသာမက ပြည်ပရောက် မွန်လူငယ်များက Indoor ပုံစံဖြင့်လည်းကောင်း online ပုံစံဖြင့်လည်းကောင်း ကျင်းပလာခဲ့သည်။

    ပြီးခဲ့သည့် ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် မော်လမြိုင်မြို့၌ မွန်လူငယ်များ အစည်းအဝေး စတင်ကျင်းပခဲ့သည့်နေ့ကို အစွဲပြုပြီး “မွန်လူငယ်များနေ့” အဖြစ် ၂၀၁၂ ခုနှစ်၊ ဧပြီလက မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ဝယ်ပေါင်ကျေးရွာ၏ တတိယအကြိမ်မြောက် မွန်လူငယ်များ နှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks