spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းချောင်းဆုံကျောက်မီးသွေးစီမံကိန်းကို ဒေသခံများလက်ခံရေး စစ်ကော်မရှင် ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ မြေပြင်အထိစည်းရုံးပြောဆို

    ချောင်းဆုံကျောက်မီးသွေးစီမံကိန်းကို ဒေသခံများလက်ခံရေး စစ်ကော်မရှင် ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ မြေပြင်အထိစည်းရုံးပြောဆို

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့် ကျောက်မီးသွေးစီမံကိန်းကို အလိုမရှိကြောင်း ဒရယ်နှင့် ကလွီကျေးရွာမှဒေသခံများ စစ်ကော်မရှင် ပြည်နယ်အစိုးရထံ စာတင်ပြတောင်းဆိုထားသော်လည်း ဒေသခံများ၏အသံကို နားထောင်ခြင်းမပြုဘဲ လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ရေး မြေပြင်အထိစည်းရုံးမှုများ လုပ်ဆောင်နေကြောင်း ချောင်းဆုံဒေသခံများထံမှ သိရသည်။

    ဒရယ်ကျေးရွာနှင့်ကလွီကျေးရွာကြား ကျောက်မီးသွေးစီမံကိန်း ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လမှစ၍ မြေဧကရာနှင့်ချီ ဝယ်ယူခဲ့သည့်နောက် ယင်းစီမံကိန်းကို ဒေသခံများက ကန့်ကွက်ခဲ့ပြီး ချောင်းဆုံသံင်္ဃာတော်အဖွဲ့တစ်ဖွဲ့မှ ဦးဆောင်ပြီး ကျောက်မီးသွေးစီမံကိန်းအပေါ် အမြင်သဘောထား စစ်တမ်းတစ်ခုကို ကောက်ယူခဲ့ကြကြောင်း သိရသည်။

    အဆိုပါစစ်တမ်းတွင် ဒရယ်ကျေးရွာနှင့်ကလွီကျေးရွာမှ ဒေသခံ  ၁၀၀၀ နီးပါးက စစ်ကော်မရှင်ဆောက်လုပ်မည့် ကျောက်မီးသွေးစီမံကိန်းကို အလိုမရှိကြောင်း ဖြေဆိုထားပြီး စာရွက်စာတမ်းများကို ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း ချောင်းဆုံဒေသခံတစ်ဦးက ဆိုသည်။

    “ဒီဒရယ်ကျေးရွာကဒေသခံတွေအားလုံး အကယ်လို့ ကိုယ်က ဒီစီမံကိန်းကိုမကြိုက်ဘူး။ အလိုမရှိဘူးဆိုရင် ဒီစာရွက်မှာလက်မှတ်ထိုး ဖုန်းနံပါတ်နဲ့တကွစာရင်းပေး အဲလိုစစ်တမ်းကောက်ခဲ့တယ်။ အဲ့မှာ ဒေသခံ ၉၈၀ကျော် က လက်မှတ်ထိုးထားခဲ့သည်။ဒီစာရင်းကိုလည်း သူတို့ကို(မွန်ဝန်းကြီးချုပ်အဖွဲ့) တင်ပြခဲ့တယ်။ သူတို့ကိုတင်ပြလို့ပဲ ဒရယ်ကျေးရွာက ဘုန်းကြီးကျောင်းကို သူတို့ဆင်းလာတယ်။ဟောပြောပွဲတွေလာလုပ်တယ်" ဟု ဆိုသည်။

    တင်ပြထားသည့် စာရွက်စာတမ်းများနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိသော်လည်း ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များ  ဒရယ်ကျေးရွာမင်္ဂလကျောင်းတိုက်သို့ ရောက်ရှိလာပြီး ဒေသခံအချို့နှင့် လာရောက်တွေ့ဆုံခဲ့သေးသည်။

    တွေ့ဆုံပွဲတွင် ဒေသခံများ၏ အမြင်နှင့်ဘဘောထားများကို ဆွေးနွေးခြင်းမရှိဘဲ ကျောက်မီးသွေးစီမံကိန်း ဆောက်လုပ်ပြီးစီးပါက ဒေသခံများ၏အကျိုးခံစားခွင့်အချို့နှင့် လျှပ်စစ်မီးအချိန်မှန်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဟု စည်းရုံးပြောဆိုသည့်အပြင် စီမံကိန်းနှင့်လုပ်ငန်းစဉ်များ ဆက်လက်ဆောက်ရွက်ရန်  အခြေအနေများကိုလည်းပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ဒရယ်ဒေသခံတစ်ဦးက ဆိုသည်။

    “ဒီစီမံကိန်းလုပ်ဆောင်ရတဲ့ရည်ရွယ်ချက်နဲ့ စည်းမျဉ်းစည်းကမ်းအချို့ကို သူတို့ဘက်တစ်နာရီလောက်ဖတ်ပြပြီတော့ တွေ့ဆုံပွဲက ပြီးသွားတယ်။ စီမံကိန်းကတော့ဘာမှမစရသေးဘူး။ တက်ရောက်သူတွေကလည်း ဘာမှ ပြန်မတုံပြန်ရဲဘူးလေ။ အကုန်လုံးက ငြိမ်ပြီးတော့နားထောင်ရတယ်။ သူတို့လုပ်ငန်းစဉ်ကိုတော့ ဆက်လက်လုပ်သွားမှာပဲ။” ဟု ဆိုသည်။

    ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမျိုးမျိုးထိခိုက်လာနိုင်သည့် ကျောက်မီးသွေးစက်ရုံ အမှန်တကယ်ဖြစ်မြောက်လာမည်ကို ဒေသခံများ ယခင်ကထက် စိုးရိမ်လာနေကြောင်း ပြောသည်။

    ကျောက်မီးသွေးစက်ရုံတည်ဆောက်ရန် ဒရယ်ကျေးရွာနှင့်ကလွီကျေးရွာကျေးရွာချင်းဆက်လမ်း၏ မြောက်ဘက် ဒရယ်မြစ်ကမ်းအနီးတွင် ဆောက်လုပ်မည်ဟု စစ်ကော်မရှင်ပြည်နယ်အစိုးရမှ သတ်မှတ်ထားပြီး ရေရှည်တွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဒေသခံများ ကန့်ကွက်နေခြင်းဖြစ်သည်။

    စစ်ကော်မရှင် နယ်စပ်ရေးရာ ဝန်ကြီးဌာနအောက်တွင် ချောင်းဆုံ ကျောက်မီးသွေးစီမံကိန်းကို ၂၀၂၃ ခုနှစ်မှစ၍ စတင်အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး ယခုတွင် ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်မည့် ကလွီရွာရှောင်လမ်း ၈၂၈၂ ပေ မြေသားလမ်းနှင့် ကျောက်ရောမြေ ဂဝံခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးနေပြီး ဖြစ်ကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks