Wednesday, March 11, 2026
More
    spot_img
    Homeသတင်းနိုင်လှုံရွာ ယာယီအုပ်ချုပ်ရေးမှုးဆိုသူနှင့် အပေါင်းဖော်တစ်ဦး ပစ်သတ်ခံရ

    နိုင်လှုံရွာ ယာယီအုပ်ချုပ်ရေးမှုးဆိုသူနှင့် အပေါင်းဖော်တစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံရွာ ယာယီအုပ်ချုပ်ရေးမှုးဆိုသူနှင့် အပေါင်းဖော်တစ်ဦး နိုင်လှုံရွာအပြင်ဘက် ကားလမ်းမကြီးအရှေ့ခြမ်းရှိ ရော်ဘာခြံတစ်နေရာတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်က ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ရကြောင်း သတင်းရင်းမြစ်များမှ သိရသည်Ï

    နိုင်လှုံရွာအပြင်ဘက် မုဒုံ -သံဖြူဇရပ် ကားလမ်းမကြီးအရှေ့ဘက်ရှိ ရော်ဘာခြံတစ်နေရာတွင် ဆိုင်ကယ်စီးနင်းလာသည့် အဆိုပါ နိုင်လှုံရွာ ယာယီအုပ်ချုပ်ရေးမှုဆိုသူနှင့် အပေါင်းဖော်တစ်ဦးတို့ကို အမည်မသိ လက်နက်ကိုင်များမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံးပွဲချင်းပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်။

    ပစ်သတ်ခံရသည့် ယာယီအုပ်ချူပ်ရေးမှုးသည်  ပြီးခဲ့သည့် နိုဝင်ဘာလက မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ယခင်နိုင်လှုံရွာအုပ်ချုပ်ရေးမှုးဟောင်းကိုယ်စား ယာယီခန့်အပ်ခဲ့ခြင်းဖြစ်ပြီး တစ်လဝန်းကျင်တာ တာဝန်ထမ်းဆောင် ခဲ့ရသေးကြောင်း မုဒုံဒေသခံတစ်ဦးက ပြောသည်။

    "အုပ်ချုပ်ရေးမှုအသစ်ပေါ့လေ အုပ်ချုပ်ရေးမှုးလုပ်တာ တစ်လတောင်မပြည့်သေးပါဘူး။ အရင်အုပ်ချုပ်ရေးမှုးက ရွေးကောက်ပွဲဝင်ပြိုင်မှာဆိုတော့၊ သူ့ကိုထည့်ထားတာပေါ့လေ၊ ပရဟိအမျိုးမျိုးလည်းလုပ်တဲ့ သူပါ၊ နားရေးကူညီမှုမှာရေး ကျနော်တို့နဲ့ အတူတူပဲလုပ်ပါတယ်၊ ကိုယ့်လူအချင်းချင်းဆိုတော့ စိတ်မကောင်းဖြစ်ရတယ်လေ"ဟု ဒေသခံက ပြောသည်

    ပစ်ခတ်မှု ဖြစ်ပွားရာနေရာသည် ရာမညမွန်တပ်တော် RMA အဖွဲ့ ကင်းလှည့်လည်သွားလာရာ နေရာဖြစ်သော်လည်း ယခုပစ်ခတ်မှုသည် မုဒုံဒေသတွင်း ဆက်ကြေးကောက်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့မှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေပြီး လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks