spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းရေးမြောက်ပိုင်းဒေသကို စစ်ကော်မရှင်အဖွဲ့ တောက်လျှောက်စစ်ကြောင်းထိုး

    ရေးမြောက်ပိုင်းဒေသကို စစ်ကော်မရှင်အဖွဲ့ တောက်လျှောက်စစ်ကြောင်းထိုး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့မှ တိုက်ကင်းပုံစံဖြင့် နေ့စဉ် စစ်ကြောင်းနေပြီး ဒေသတွင်း တော်လှန်ရေး ပူးပေါင်းတပ်များနှင့် ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တော်လှန်ရေးသတင်းအရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

    စစ်ကောင်စီစစ်ကြောင်းသည်  နိုဝင်ဘာလနောက်ဆုံးအပတ်အတွင်း တော်လှန်ရေး အင်အားစုများ စိုးမိုးထားသည့် အမှတ်၈ ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ ကနင်ကမော့၊ အောင်သာယာ၊ လိမ္မော်ခြံ၊အောင်သပြေ  ကျေးရွာများတွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားနေကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

    ရွေးကောက်ပွဲကိစ္စနှင့်ပတ်သတ်၍ စစ်ကော်မရှင်အဖွဲ့မှ ရှေ့ကာကင်း(တိုက်ကင်း) ပုံစံဖြင့် စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလနောက်ဆုံးအပတ်အတွင်း တော်လှန်ရေးမဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲ ၃ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။

    “  ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ရှေ့ကာကင်း၊တိုက်ကင်း လှုပ်ရှားနေတယ် ၊ဒီမနက်(ဒီဇင်ဘာ ၁) က အင်အား၁၀၀ ဝန်းကျင်နဲ့ သူတို့စစ်ကြောင်းထိုးလာတယ် လက်နက်ကြီးတော့ မပစ်ရသေးဘူး၊ သေချာပါတယ် အကြမ်းဖက်အဖွဲ့တွေက ပစ်မှာပါ ပြီးခဲ့တဲ့ရက်ပိုင်းမှာလဲ တစ်ကြိမ်ထိုးသေးတယ် လက်နက်ကြီးလဲပစ်တယ် ” ဟု ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောသည်။

    စစ်ကြောင်းမထိုးနိုင်သေးသည့်လမ်းပိုင်းများသို့လည်း လမ်းကြောင်းရှင်းလင်းသည့်အနေဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်နိုင်သည့်အပြင် တိုက်ပွဲများလည်းဖြစ်ပွားနိုင်သည့်အတွက် ရေးမြောက်ပိုင်း ဒေသခံံများ စစ်ရေးသတိရှိရန်လည်း ဗိုလ်ရန်နိုင်မှ တိုက်တွန်းထားသည်။

    နောက်ထပ်စစ်ကြောင်းနှစ်ကြောင်း(သို့) သုံးကြောင့်ဖြင့် ရေးဘီလူးတပ်ရင်းနယ်မြေအနီး အာယုတောင် ၊ရွာသစ်၊ ကျောင်းရွာ၊ ဝယ်ရဟိုင်း၊ ကျေးရွာများဘက်တွင် လှုပ်ရှားနေပြီး တစ်ပတ်တစ်ကြိမ် စစ်ကြောင်းထိုးခြင်း၊ ကားဖြင့် ဝတ်စုံအပြည့် ကင်းလှည့်လည်ခြင်းများလုပ်ဆောင်နေကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါစစ်ကြောင်းလှုပ်ရှားမှုများတွင် ပြည်သူ့စစ်ခေါင်းဆောင် လင်းဦး ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့၊ မော့ကနင်အခြေစိုက် ခလရ-၁၀၆၊ အမတ-၃၁၇၊ ခမရ – ၅၈၈၊ ၅၈၇ အပြင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA မှလည်း ပူးပေါင်းပါဝင်နေခြင်းဖြစ်ပြီး အင်အား ၁၀၀ မှ ၁၅၀ ဝန်းကျင်ခန့်ရှိကြောင်းလည်း ရေးဒေသခံတစ်ဦးက ဆိုသည်။

    “သူတို့က မော့ကနင်ဘက်ကအဖွဲ့တွေနဲ့ အာယုတောင်ဘက်ကအဖွဲ့တွေကို အောက်လက်ငယ်သားအချင်းချင်းလဲပြီး သွားလာလှုပ်ရှားနေကြတယ် စစ်ကြောင်းဆိုလဲ တပတ်တစ်ကြိမ် နှစ်ကြိမ်ထိုးတယ် အင်အားကတော့ ၁၀၀ ဝန်းကျင်ရှိတယ် ကရင်အဖွဲ့တွေလဲ ပါနေတယ်။ နှစ်ကြောင်းမဟုတ်ရင် သုံးကြောင်းအဲ့လိုထိုးနေတာ ရွာအတွင်းကင်းလှည့်မယ်ဆိုရင်လဲ ၁၀ ယောက်‌ ၁၅ယောက်လောက်ရှိတယ် ၊ အချိန်နဲ့ သူတို့သွားလာလှုပ်ရှားနေတာ” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

    စစ်ကြောင်းထိုးစဉ် ကျေးရွာအတွင်းနေထိုင်သူများကို ဖမ်းဆီး ရိုက်နှက်ပြီး လူသားဒိုင်းအဖြစ်ခေါ်ဆောင်နေခြင်းကြောင့်လည်း အာယုတောင်နှင့် အနီးတစ်ဝိုက်ဒေသခံများ ဥယျာဉ်ခြံသို့ မသွားလာနိုင်ပေ။

    ပြီးခဲ့သည့် နိုဝင်ဘာလ(၂၅)ရက်နေ့နှင့် (၂၇) ရက်နေ့က ရေးမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်ဖွဲ့စစ်ကြောင်းတို့ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်‌ကော်မရှင်ဘက်မှ ၇ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုပြည်သူ့တော်လှန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

    မွန်ပြည်တောင်ပိုင်းဒေသရှိ တော်လှန်ရေးအဖွဲ့အစည်းများ အရှိန်လျော့နည်းရန်၊ နယ်မြေစိုးမိုးရေးများ အရှိန်မြှင့် လုပ်ဆောင်နိုင်ရန်အတွက် ပုံမှန်စစ်ကြောင်း ဆယ်ဂဏန်းအင်အားမှ လက်ရှိတွင် အင်အားရာဂဏန်းဖြင့် စစ်ကော်မရှင်ဘက်မှ အသုံးပြုလာကြောင်းလည်း မွန်၊ကရင်ဒေသ စစ်ရေးသုံးသပ်သူများက ပြောသည်။

    ၎င်းအပြင် စစ်ကော်မရှင်က စစ်ရေးတင်းမာနေသည့် မွန်ပြည်တောင်ပိုင်းဒေသအတွင်း ရေကြောင်းမှတစ်ဆင့် လက်နက်ခဲယမ်းနှင့် စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်းလည်း ဒေသခံနှင့် တော်လှန်ရေးတပ်များမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks