spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းအစင်စံပြကျေးရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံး

    အစင်စံပြကျေးရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲဆိုသူသည် ယမန်နေ့ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီကျော်အချိန်ခန့်က အစင်ကျေးရွာဘက်ကနေ ဇီးဖြူသောင်ကျေးရွာဘက်သို့ ဆိုင်ကယ် မောင်းနှင်လာသည့် အသက် ၅၀ နှစ်အရွယ်ရှိ ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲကို သေနတ်သမားတို့က အနောက်ကနေ လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

    “သေနတ်သမားတွေက မောင်ဖဲအနောက်ကို ဆိုင်ကယ်နဲ့ လိုက်လာပြီးတော့ သေနတ်နဲ့ ပစ်သွားတယ်။ ဘယ်သူ ဘယ်ဝါလဲတော့ မသိဘူးပေါ့။ မောင်ဖဲက ပြည်သူ့စစ်တစ်ဦးဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲသည် ဦးခေါင်း၊ ရင်ဘတ်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ရာ နေရာတွင် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

    ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲ ပစ်သတ်ခံရပြီးနောက် အစင်ကျေးရွာသို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ရောက်လာပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

    ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲသည် စစ်အာဏာရှင် ပေါ်တာဆွဲသည့်လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် လုပ်ဆောင်ပေးခြင်း၊ စစ်အာဏာရှင်အားကိုးပြီ ပြည်သူများအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ကျေးရွာအတွင်း ဆိုင်ကယ်များ ခိုးယူခြင်း၊ လုယက်ခြင်းများကို စစ်အာဏာရှၚ်အလိုကျ လုပ်ဆောင်ပေးနေသည့်အတွက် ယခုလို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ရေးပြောက်ကျားတပ်ရင်း YGF က ထုတ်ပြန်ထားသည်။

    ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲထံမှ လေးခွတစ်လက်၊ လက်ထိပ်တစ်ခု၊ ဝက်အူလှည့်တစ်ချောင်း၊ ဆေးပေါ့လိပ်နှင့် သောက်ဆေးအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း YGF က ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ရော်ဘာခြံကနေ အိမ်ပြန်လာသည့် အနင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။

    ရေးမြို့နယ်အတွင်း စစ်အုပ်စုနှင့် ပက်သက်ပြီး တရားမဝင်ရွေးကောက်ပွဲသော်လည်းကောင်း၊ တခြားနေရာ များသော်လည်းကောင်း ထဲထဲဝင်ဝင်လုပ်ဆောင်နေသူ မည်သူကိုမဆို အရေးယူသွားမည်ဟု YGF က သတိပေးထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks