spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းကျိုက်မရောနှင့် သထုံအကျဉ်းထောင်မှ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသူ ၁၁ ဦး ပြန်လည်လွတ်မြောက်လာ

    ကျိုက်မရောနှင့် သထုံအကျဉ်းထောင်မှ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသူ ၁၁ ဦး ပြန်လည်လွတ်မြောက်လာ

    -

    မွန်ပြည်နယ် ကျိုက်မရောနှင့် သထုံအကျဉ်းထောင်မှ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသူ ၁၁ ဦး ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီး ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသား ၄ ဦး အကျဉ်းသူ ၂ ဦးနှင့် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၅ ဦးပါဝင်ကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့က ရွေးကောက်ပွဲတွင် မဲပေးရန်ဟုဆိုကာ ၅၀၅-က နိုင်ငံရေးအကျဉ်းသား (၂၃၀၀) ကျော်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးပြီး တရားစွဲခံထားရသူ (၅၅၀၀) ကျော်ကို အမှုပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

    ၅၀၅-က ဖြင့် စစ်ဆေးကြားနာဆဲ အချုပ်အတွင်း နေထိုင်နေရသူများ တရားရုံး၏ အမှုပိတ်သိမ်းကြောင်းနှင့် လွှတ်မိန့်ကို စောင့်ဆိုင်းရခြင်းကြောင့် ညနေပိုင်းမှ ပြန်လည်လွတ်မြောက်လာနိုင်မည်ဟုလည်း တရားရုံးနှင့် နီးစပ်သူများမှ သိရသည်။

    ပုံ-CJ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks