spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမင်းလက်ပံ DKBA ကျားဖြန့်ရုံက ထွက်ပြေးသူများကို စစ်တပ်က ပစ်ခတ်၊ ၅ ဦး သေဆုံး

    မင်းလက်ပံ DKBA ကျားဖြန့်ရုံက ထွက်ပြေးသူများကို စစ်တပ်က ပစ်ခတ်၊ ၅ ဦး သေဆုံး

    -

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက်၊ မင်းလက်ပံကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ကျားဖြန့်ရုံမှ မြန်မာ ၁၀ ဦးခန့် ထွက်ပြေးလာစဉ် စစ်ကော်မရှင်တပ်က ပစ်ခတ်လို့ ၅ ဦး သေဆုံးသွားကြောင်း သိရသည်။

    နိုဝင်ဘာလ ၂၁ ရက်နေ့ညက မင်းလက်ပံကျေးရွာ ကျားဖြန့်လုပ်ငန်းခွင်အနီး စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားချိန် မြန်မာ ၁၀ ဦးခန့်က အင်ကြင်းမြိုင်ဘက်သို့ ထွက်ပြေးစဉ် စစ်ကော်မရှၚ်တပ်ဘက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မင်းလက်ပံဒေသခံထံမှ သိရသည်။

    ပုံ – မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ဆိုက်ကို KNLAက စီးနင်းအပြီး ဖမ်းဆီးထားသော DKBAတပ်ဖွဲ့တွေနဲ့ သိမ်းထားသော လက်နက်တွေ။

    “သူတို့တွေက ကျားဖြန့်ကပဲ ဘာလုပ်တာလဲတော့မသိဘူး အသက်က ၁၉၊ ၂၀ အဲဒီ ဝန်းကျင်တွေပဲ။ မျက်မြင်တွေ့တာက ၄ ယောက် တစ်ယောက်ကတော့ ဆေးရုံထိ အသက်ပါတယ်။ ပြီးတော့ ဆုံးသွားတယ်။ ကျန်တဲ့လူတွေလည်း ကျည်မှန်နိုင်တယ်။ သူတို့ကိုတော့ ရှာမတွေ့ဘူး။ အဲဒီလမ်းကလည်း ပိတ်ထားတာ။ သူတို့ပြေးတော့ နောက်က လိုက်ဆွဲသေးတယ် မမီတော့ဘူး။ KNU ဂိတ်ကို ကျော်သွားတော့ စစ်တပ်က လှမ်းပစ်လိုက်တာ” ဟု မင်းလက်ပံရွာခံက ပြောသည်။

    သေဆုံးသူ ၅ ဦးအနက် ၄ ဦးသည် မိန်းကလေးများဖြစ်ကြပြီး ကျားဖြန့်လုပ်ငန်းခွင်မှ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဘက်ကလည်း အတည်ပြု ပြောဆိုသည်။

    KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ကျွန်တော်တို့လည်း အဲဒီဖြစ်စဉ်ကို ကြားသိရတယ်။ ဒါပေမယ့် အလောင်းကောက်တာတွေ ဘာတွေတော့ ကျွန်တော်တို့ လုပ်တာမဟုတ်တော့ သေချာမသိလိုက်ရဘူး။ DKBA ကလည်း အဲဒီနေ့က စစ်အုပ်စုနဲ့ ချိတ်ဆက်လုပ်ဆောင်နေသူတွေက ပစ်ခတ်တာတွေ ရှိခဲ့တယ်။ အဲ့တာကြောင့်မလို့လည်း ကျွန်တော်တို့ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

    မင်းလက်ပံ တိုက်ပွဲတွင် DKBA မှ ဗိုလ်မှူကြီး နိုင်လွင် ဦးဆောင်သောအဖွဲ့က စစ်ကော်မရှင်တပ်ဘက် တိုက်ခိုက်ပေးခဲ့သည့်အတွက် DKBA တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာကို KNLA က ရှင်းလင်းခဲ့ပြီး စခန်းကို ထိန်းသိမ်းနိုင်ခဲ့သည်။

    ယင်းနောက် DKBA များ တပ်စွဲထားသည့်နေရာတွင် နိုင်ငံပေါင်းစုံက ထောင်ချီသော လူများ ဂိတ်အထပ်ထပ်ပိတ်၍ အွန်လိုင်းကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည်ကို KNLA က တွေ့ရှိခဲ့သည်။

    မင်းလက်ပံ ကျားဖြန့်ရုံ ဝင်စီးနင်းသည့် ဖြစ်စဉ်တွၚ် DKBA တပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့်အပြင် ကျားဖြန့်လုပ်ကိုင်သူ ၂၀၀၀ ကျော်နှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး ပစ္စည်းများကိုလည်း KNU က ဖမ်းဆီး သိမ်းဆည်းခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks