spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းသရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာက နေအိမ်အလုံး ၆၀ ကျော်ကို စစ်တပ် မီးရှို့ဖျက်ဆီး

    သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာက နေအိမ်အလုံး ၆၀ ကျော်ကို စစ်တပ် မီးရှို့ဖျက်ဆီး

    -

    ‎တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာက ဒေသခံပြည်သူ နေအိမ် အလုံး ၆၀ ကျော်ကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းဘေးရှိ မင်းဒပ်ကျေးရွာကို စစ်ကော်မရှင်တပ်က နိုဝင်ဘာလ ၂၃ ရက်နေ့က မီးရှို့ခဲ့ပြီး နေအိမ် ၆၁ လုံး မီးလောင်ပျက်စီးသွားခဲ့သည်။

    ဓာတ်ပုံ- အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့သော မင်းဒပ်ကျေးရွာ နေအိမ်များ။ (ပုံခရက်တစ် – KNU)

    သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား နိုဝင်ဘာလ ၂၂ ရက်နေ့က ဝဲရစ်ရွာနှင့် ကမြိုင်ရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

    ထိုတိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းက မင်းဒပ်ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

    စစ်ကော်မရှင်တပ် စစ်ကြောင်းသည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် မင်းဒပ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU၊ မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

    မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်ကို အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းများ အောက်တိုဘာလအတွင်းက စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

    တိုက်ပွဲဖြစ်နေသည့် ကားလမ်းတလျှောက် ကျေးရွားများရှိ အရပ်သားပြည်သူ နေအိမ်များကို စစ်ကော်မရှင်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ‎တိုက်ပွဲနှင့် မသက်ဆိုင်သည့် လဘကျေးရွာရှိ ပြည်သူလူထုပိုင် နေအိမ် ၄၂ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။

    စစ်ကော်မရှင် စစ်ကြောင်းက အရပ်သားပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နေအိမ်ရှိ အဖိုးတန်ပစ္စည်းများကိုလည်း ယူသွားကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    Dawei Watch သတင်းဌာန ဖော်ပြချက်အရ အောက်တိုဘာလ ၂၃ ရက်နေ့တွင် လဘရွာက နေအိမ် ၃၉ လုံး၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ချောက်ချောင်းရွာက နေအိမ် ၄၀ ကျော်၊ နိုဝင်ဘာ ၁၂ ရက်နေ့တွင် သိမ်ကုန်းရွာက နေအိမ် သုံးလုံးခန့်၊ ကတွဲရွာက နေအိမ် တစ်လုံးတို့ကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks