spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ချောင်းဆုံဒေသခံ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရ

    ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ချောင်းဆုံဒေသခံ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရ

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာက ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေများဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားကို စစ်ကော်မရှင်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

    ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ဆိုသူသည် နိုဝင်ဘာလ ၄ ရက်နေ့က ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားသည့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းပါ စာရွက်ကို ဆုတ်ဖြဲခဲ့သည်ဆိုပြီး ဖမ်းဆီးခံခဲ့ရသည်။

    ယင်းနောက် ဦးကျော်မြင့်ကို ချောင်းဆုံမြို့မရဲစခန်းတွင် (ပ) ၁၂၆/၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

    ဦးကျော်မြင့်ကို နိုဝင်ဘာလ ၁၉ ရက်နေ့က မော်လမြိုင်ခရိုင်တရားရုံးမှ ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ဦးကျော်မြင့်က အုပ်ချုပ်ရေးမှူးရုံးကို ခဲနဲ့ ပစ်တာလည်း လုပ်ခဲ့တာဆိုတော့ ရွေးကောက်ပွဲဥပဒေအပြင် တခြားဥပဒေတွေနဲ့ပါ တရားစွဲဆိုခံရလို့ အခုလို ပြစ်ဒဏ်ကျတဲ့ နှစ်က များသွားတာလို့ သိရပါတယ်” ဟု ပြောကြားသည်။

    စစ်ကော်မရှင်က ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲ ဆန့်ကျင်သူများကို တားဆီးရန်အတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေတရပ်ကို ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းက ပြဌာန်းခဲ့သည်။

    ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) အရ ထောင်ဒဏ်အဖြစ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၇ နှစ်အထိအပြင် ငွေဒဏ်များလည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

    ထိုဥပဒေပြဌာန်းပြီးနောက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် လုပ်ဆောင်သည့်စွပ်စွဲချက်ဖြင့် စစ်ကော်မရှင်က အရပ်သားပြည်သူများကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး လတ်တလောတွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် လုပ်ဆောင်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီး၊ အရေးယူခံရသူ အယောက် ၁၀၀ နီးပါးအထိ ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks