Tuesday, March 10, 2026
More
    spot_img
    Homeသတင်းတောင်သူများ ဆားမထုတ်လုပ်နိုင်ဘဲ ဆားကွင်းများသာ အကြိမ်ကြိမ်ပြင်ဆင်နေရ

    တောင်သူများ ဆားမထုတ်လုပ်နိုင်ဘဲ ဆားကွင်းများသာ အကြိမ်ကြိမ်ပြင်ဆင်နေရ

    -

    မွန်ပြည်နယ်တွင် မုန်တိုင်းအရှိန်နှင့်အတူ အချိန်အခါမဟုတ် မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်ပြီး ဆားကွင်းအတွင်းရှိ ဆားရည်များ ဒီဂရီလျော့နည်း၍ ပျက်စီးသွားခြင်းကြောင့် အကြိမ်ကြိမ်ပြင်ဆင်နေရကြောင်း ဆားတောင်သူများ၏ ပြောပြချက်အရ သိရသည်။

    စက်တင်ဘာလမှစပြီး  လက်ရှိအချိန်အထိ ၃ ကြိမ်တိုင်တိုင် ဆားကွင်းပြန်လည်ပြင်ဆင်ခြင်းများ လုပ်ဆောင်နေရပြီး ငွေကြေးစရိတ်မတတ်နိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီးဖြစ်ကြောင်း ပြောသည်။

    မိုးရွာသွန်းချိန်တိုင်း ဆားကွင်းများတွင် မိုးရေများဖြင့်ပြည့်ခဲ့ရပြီး တာရိုးများလည် ပျက်စီးနေခြင်းကြောင့် မြေညှိခြင်းလုပ်ငန်းများကို အချိန်ယူလုပ်ဆောင်နေရဆဲဖြစ်သည်ဟု သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူတစ်ဦးက ပြောသည်။

     ပုံ- IMNA (ယခင်ပုံဟောင်း)

    “ပြင်ထားတဲ့ဆားကွင်းတွေက မိုးတွေရွာလိုက်လို့ ရေတွေက အငန်ဓာတ်လျော့လာတယ်။  ဆားကွင်းတွေပျက်သွားပြီးတော့ ထပ်ခါထပ်ခါအစကနေပြန်ပြင်နေရတယ်။ ဆားတွေကလည်း နေလှန်းလို့မရသေးဘူး။ လုပ်သမားခတွေကလည်း ပေးနေရတယ်။ အကုန်အကျများတာပေါ့။ ၉ လပိုင်းကနေဆားကွင်းပြင်နေတာ ဒီ ၁၁ လပိုင်းအထိဆို သုံးခါထပ်ပြင်လို့ပြီးသွားပြီး။ အခုထိမိုးရွာနေတုန်းပဲ။” ဟုဆိုသည်။  

    ဆားကွင်းအတွင်း သွင်းထားသည့် ပင်လယ်ရေများ နေမလှန်းနိုင်မီအချိန်မှာပင် ဆားလုပ်ငန်းတစ်နှစ်စာအတွက် ရည်ရွယ်ထားသည့် အရင်းအနှီးများ ဆားကွင်းပြန်လည်ပြုပြင်ခြင်းဖြင့် ကုန်ဆုံးနေပြီးဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူတစ်ဦးက ဆိုသည်။

    ယနေ့ညနေအထိ မိုးလေဝဿနှင့် ဇလဗေဒဦးစီးဌာနမှ ခန့်မှန်းချက်အရ မွန်ပြည်နယ်အတွင်း မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းနေခြင်းဖြစ်ပြီး နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

    ရာသီဥတုဖောက်ပြန်မှုကြောင့် ယခုနှစ်နေလှန်းဆားထုတ်လုပ်ရေးလုပ်ငန်းသည် တောင်သူများအတွက် ဆုံးရှံးမှုပိုများနိုသည်ဟုလည်း ဆားလုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

    မွန်ပြည်နယ်တွင် ပုံမှန်အားဖြင့် ဒီဇင်ဘာလမှစပြီး ဆားထုတ်လုပ်နိုင်ပြီးဖြစ်သော်လည်း ယခုရက်ပိုင်းအတွင်း မိုးဆက်လက်ရွာသွန်းမည်ဆိုပါက ဆားထုတ်လုပ်နိုင်မည်မဟုတ်ဘဲ လုပ်ငန်းရပ်နားရမည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

    “မိုးအခြေနေကိုစောင့်ကြည့်နေရတုန်းပါပဲ။ ဒီ ၁၁ လပိုင်းမကုန်ခင်မှာ မိုးရပ်သွားမယ်ဆိုရင်တော့ ဆားက ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ ထွက်နိုင်တယ်ပေါ့။ အကယ်လို့ အဲလိုမဟုတ်ဘူး မိုးရွာဆက်ရွာနေမယ်ဆိုရင် ဆားတောင်သူတွေအတွက် လုပ်ငန်းဆက်လုပ်သွားဖို့က မလွယ်လောက်တော့ဘူး။” ဟုဆိုသည်။

    တောင်သူများ၏ ပြောပြချက်အရ ဆာလုပ်ငန်းတစ်နှစ်အတွင်း ဆားကျုံးနိုင်သည့်အရေအတွက် ၁၅ ကြိမ်အထိရှိသော်လည်း ယမန်နှစ်က မိုးစောစီးစွာ ရွာသွန်းခြင်းကြောင်း ၈ ကြိမ်ခန့်ဝန်းကျင်သာ ထုတ်လုပ်နိုင်ခဲ့ပြီး ဆားထွက်နှုန်းတစ်ဝက်ခန့် ကျဆင်းခဲ့သည်။

    ယမန်နှစ်က ဆားလက်ကျန်နည်းပါးသည့်အပြင် ယခုနှစ်တွင်လည်း ဆားထုတ်လုပ်မှု မရှိသေးခြင်းကြောင့် လက်ရှိတွင် ဆားကြမ်း တစ်ပိဿာ ၁၀၀၀ ကျပ်ကျော်အထိ စံချိန်တင် ဈေမြင့်တက်နေကြောင်းလည်း သိရသည်။

    ထို့ကြောင့် ရေရှည်တွင် ဆားလုပ်ငန်းအလုပ်အကိုင်အတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင်မည့်သူမျှသာ ရှိတော့မည်ဖြစ်ကြောင်းလည်း ဆားလုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks