spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းခရီးသည် လိုက်ပါစီးနင်းမှုနည်းသဖြင့် မော်လမြိုင်- ရန်ကုန်လေကြောင်းခရီးစဉ် ပြေးဆွဲမည့်ရက်လျှော့ချထား

    ခရီးသည် လိုက်ပါစီးနင်းမှုနည်းသဖြင့် မော်လမြိုင်- ရန်ကုန်လေကြောင်းခရီးစဉ် ပြေးဆွဲမည့်ရက်လျှော့ချထား

    -

    မွန်ပြည်နယ်၊ မော်လမြိုင်လေဆိပ်တွင် ပြေးဆွဲနေသည့် ရန်ကုန်- မော်လမြိုင် လေကြောင်းလိုင်းခရီးစဉ်တွင် ခရီးသည်လိုက်ပါစီးနင်းမှု နည်းလာသဖြင့် လေယာဉ်ပြေးဆွဲမည့်ရက်ကို လျှော့ချထားသည်ဟု  ခရီးသွားလာရေးလုပ်ငန်း တာဝန်ရှိသူများမှ သိရသည်။

    ပုံမှန်အားဖြင့် တစ်ပတ်လျှင် ၄ ရက်အထိ ပြေးဆွဲပေးနေသည့် မော်လမြိုင်- ရန်ကုန် Air Thanlwin လေကြောင်းလိုင်းမှ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့မှစ၍ တနင်္လာနှင့် သောကြာနေ့  နှစ်ရက်သာ ပြောင်းလဲပြေးဆွဲနေကြောင်း သိရသည်။

    ပုံ- Air Thanlwin 

    “အရင်က တစ်ပတ်မှာ ၄ ရက်ပြေးဆွဲတယ်၊ အခုက တစ်ပတ်မှာ နှစ်ရက်ပဲပြေးဆွဲမယ်။ အကြောင်းကတော့ စီးတဲ့သူတွေနည်းလာလို့ပေါ့နော်၊ အခုက ကားလမ်းတွေ ရထားလမ်းတွေ သွားလာတာ အဆင်ပြေတော့ လေကြောင်းလိုင်းစီးတဲ့သူတွေနည်းတော့ ရက်လျှော့ထားတယ်” ဟု မော်လမြိုင် လေကြောင်း ခရီးသွားရေးလုပ်ငန်းတွင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

    နှစ်ရက်သာ ပြောင်းလဲပြေးဆွဲထားခြင်းကြောင့် အသက်ကယ်ရမည့် အရေးပေါ်လူနာများနှင့် အရေးပေါ်ခရီးသွားရလာသူများအတွက် အခက်ခဲမကြုံစေရန် MNA မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ရန်ကုန်- မော်လမြိုင်ခရီးစဉ်ကို နိုဝင်ဘာ ၁၉ ရက်နေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တစ်ရက်ပြေးဆွဲပေးမည်ဟုလည်း မော်လမြိုင်လေဆိပ်မှ အသိပေးထုတ်ပြန်ထားသည်။

    ရန်ကုန်- မော်လမြိုင် လေကြောင်းလိုင်း၏ အသွားအပြန် လေယာဉ်လက်မှတ်နှုန်းထားကို ကျပ် ၇ သိန်းနီးပါးအထိ ဈေးမြှင့်တင် သတ်မှတ်ထားခြင်းကြောင့်လည်းကောင်း၊ ညောင်ခါးရှည်ဂိတ် စစ်ဆေးမှုလျော့ကျလာခြင်းကြောင့်လည်းကောင်း လေယာဉ်ဖြင့်ခရီးသွားလာမှု နည်းလာပြီး စရိတ်သက်သား ကားနှင့်ရထားဖြင့်သာ ပိုမိုအသုံးပြုကြသည်။

    “လေယာဉ်ခက အသွားအပြန်က ၇ သိန်းလောက်ကုန်တယ်။ ကားနဲ့ရန်ကုန်ကို အသွားအပြန်က ၂ သိန်းလောက်ပဲကုန်တယ်၊ ရထားဆိုပိုတောင် ကုန်ကျသက်သာတယ်။ ဘယ်သူကတတ်နိုင်မှာ ၇သိန်းထက် အဆတစ်ရာတန်တဲ့ ကုန်ကျနည်းတာကိုပဲ ရွေးမှာပေါ့။ သူဌေးတွေက တတ်နိုင်တယ်ပေါ့၊ ဒါမဲ့ အရေးပေါ်မဟုတ်ရင် ဘယ်သူမှ မသွားဘူး၊ စီးတဲ့သူအမြဲရှိတဲ့ ကားလို၊ ရထားလို မဟုတ်ဘူးပေါ့” ဟု မော်လမြိုင်ဒေသခံတစ်ဦးက ပြောသည်။

    ၂၀၂၄ ခုနှစ်တွင် ရန်ကုန်- မော်လမြိုင်လေကြောင်းလိုင်း Air Thanlwin သည် တစ်ပတ်တွင် ၆ ရက်အထိ ပြေးဆွဲခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် တစ်ပတ်အတွင်း ၄ ရက်ပြေးဆွဲရာမှ ၂ ရက်သာ ပြေးဆွဲနိုင်ခဲ့ကြောင်း သိရသည်။

     ပြီးခဲ့သည့် ကိုဗစ် ၁၉ ကာလတွင်လည်း မော်လမြိုင်-ရန်ကုန် လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် တနင်္လာ၊ ကြာသပတေး နှစ်ရက်သာ  ပြေးဆွဲခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks