spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံတွင် မွန်းလွဲပိုင်း အရက်ရောင်းချခွင့် ပြန်လည်ခွင့်ပြုမည်

    ထိုင်းနိုင်ငံတွင် မွန်းလွဲပိုင်း အရက်ရောင်းချခွင့် ပြန်လည်ခွင့်ပြုမည်

    -

    ထိုင်းနိုင်ငံတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီကြား ဘီယာနှင့်အရက်ရောင်းချခွင့် ကန့်သတ်ထားသည်ကို ပယ်ဖျက်၍ ရောင်းချခွင့် ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

    ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆော့ဖွန်စာရမ်မှ ဦးဆောင်၍ အရက်ယမကာ မူဝါဒကော်မတီ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးအတွင်း နိုဝင်ဘာ ၈ ရက်နေ့က မွန်းလွဲ (၂) နာရီမှ (၅) နာရီအတွင်း အရက်ရောင်းချခွင့် တားမြစ်ထားသည့် ဥပေဒေကို ဖျက်သိမ်းပြီ ပြန်လည်းရောင်းချခွင့်ပေးရန် သဘောတူခဲ့ကြကြောင်း သိရသည်။

    ပုံ-Travel and Leisure Asia

    ဒုဝန်ကြီးချုပ် ဆော့ဖွန် စာရမ်အနေဖြင့် ယင်းစည်းကမ်းကို အစိုးရဝန်ထမ်းများ နေ့လယ်ပိုင်း အရက်သောက်ခြင်းကို တားမြစ်ရန် ရည်ရွယ်ထားခြင်းသာဖြစ်သော်လည်း ယနေ့ခေတ်တွင် အစိုးရဝန်းထမ်းများက နေ့လယ်ပိုင်းတွင် အရက်မသောက်တော့သဖြင့် အခြေအနေနှင့် မကြိုက်ညီတော့ကြောင်း ထိုင်းမီဒီယာများကို ရှင်းလင်းပြောကြားခဲ့သည်။

    ထိုအပြင် အရက်ရောင်းချခွင့် ပြန်လည်ခွင့်ပြုခြင်းသည် နှစ်သစ်ကူးနှင့် သင်္ကြန်ကာလ ခရီးသွားလုပ်ငန်းစည်ကားရေးနှင့် စီးပွားရေးကောင်းမွန်ရေးအတွက် အထောက်အကူဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

    တစ်ဖက်တွင်လည်း ညအချိန် အရက်သောက်သုံးခွင့်ကို မနက် (၄) နာရီအထိ တိုးချဲ့ပေးရန် ခရီးသွားလုပ်ငန်းရှင်များမှ တောင်းဆိုနေသော်လည်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆရာဝန်များက မနက် (၂) နာရီမှ (၃) နာရီအကြား ယာဉ်မတော်တဆမှုများ အများဆုံး ဖြစ်ပွားကြောင်းဆိုထားသည်။ သို့သော် အဆိုပါ တောင်းဆိုချက်ကိုလည်း အမျိုးသား အရက်ယမကာ မူဝါဒကော်မတီက ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီးကြောင်း သိရသည်။

    ယခုပြင်ဆင်မည့် အရက်ရောင်းချခွင့်ဆုံးဖြတ်ချက်ကို အစိုးရအစည်းအဝေးတွင် တင်ပြရန်မလိုအပ်ဘဲ ဝန်ကြီးချုပ်ရုံးက ၁၅ ရက်အတွင်း လူထုကြားနာချက်အပြီးတွင် တိုက်ရိုက်ကြေညာချက်ထုတ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

    ထိုင်းနိုင်ငံတွင် ၁၉၇၂ ခုနှစ်မှစ၍ အရက်ရောင်းချခွင့်ကို နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအထိ၊ ညနေ ၅ နာရီမှ ည ၁၂ နာရီအထိသာ ခွင့်ပြုပေးထားခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks