spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းခူးဆွတ်ထားသည့် ကွမ်းသီးမှည့်များ အခြောက်မခံနိုင်ခြင်းကြောင့် အညှောင့်ပေါက်လာ

    ခူးဆွတ်ထားသည့် ကွမ်းသီးမှည့်များ အခြောက်မခံနိုင်ခြင်းကြောင့် အညှောင့်ပေါက်လာ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မှ တောင်သူများ ၎င်းတို့ခူးဆွတ်ထားသည့် ကွမ်းသီးမှည့်များကို အခြောက်မခံနိုင်ခြင်းကြောင့် အသီးများမှ အညှောင့်ပေါက်လာနေပြီး တောင်သူများ ပျက်စီးဆုံးရှုံးမှုဖြစ်လာမည်ကို စိုးရိမ်နေရကြောင်းသိရသည်။

    တောင်သူများအနေဖြင့် နှစ်စဉ်နိုဝင်ဘာလအတွင်း ကွမ်းသီးမှည့်များကို ခူးဆွတ်ပြီး စတင်နေလှန်းအခြောက်ခံလေ့ရှိသော်လည်း ယခုနိုဝင်ဘာလတွင် နေ့စဉ်မိုးရွာသွန်းမှုဖြစ်နေသဖြင့် ခူးဆွတ်သိမ်းဆည်းထားသည့် ကွမ်းသီးမှည့်များ အညှောင့်ပေါက်လာနေကြောင်း တောင်သူများက ပြောသည်။

    နိုဝင်ဘာလကုန်ပိုင်းအထိ မိုးဆက်လက်ရွာသွန်းမည်ဆိုပါက ကွမ်းသီးမှည့်များအားလုံး ပုပ်သိုးပျက်ဆီးသွားနိုင်ပြီး အရောင်းအဝယ်လုပ်ဆောင်နိုင်တော့မည်မဟုတ်ကြောင်း ရေးမှ ကွမ်းသီးတောင်သူတစ်ဦး IMNA ကို ပြောသည်။

    " နေမလှန်းရလို့ အပင်တွေပေါက်သွားကြတယ်၊ အဲဒီအသီးတွေကို ကြာကြာထားရင်လည်း ပုပ်သိုးသွားမယ်၊ သုံးလို့မရဘူး။ မီးဖိုပြီး အခြောက်ခံဖို့လည်း အဆင်မပြေဘူး။ စစ်တပ်တွေ တော်လှန်းရေးတွေ သွားလာနေတော့ ခြံမှာသွားလုပ်ဖို့က မလွယ်ဘူး။ မိုးကုန်ချိန်ကိုပဲ စောင့်နေရတယ်” ဟု ရေးမြို့နယ်ရှိ တောင်သူတစ်ဦးက ပြောသည်။

    နေလှန်းအခြောက်မခံနိုင်ခြင်းကြောင့် ကွမ်းသီးတောင်သူတစ်ဦးလျှင် ခူးဆွတ်ထားသည့် ကွမ်းသီးအမှည့်များ ကုန်တင်ယာဉ် ၃ စီးစာအညှောင့်ပေါက်ပြီး ပျက်ဆီးမှု ဖြစ်နေကြောင်းလည်း ဆက်ပြောသည်။

    တောင်သူများအနေဖြင့် အညှောင့်ပေါက်နေသည့် ကွမ်းသီးများကို အခြောက်ခံရောင်းချနိုင်သော်လည်း အလေးချိန်မရှိသဖြင့်  ဈေးကောင်းမရနိုင်ကြောင်းလည်း ဆိုသည်။

    လက်ရှိ ကွမ်းသီးခြောက်ဈေးနှုန်းသည် တစ်ပိသာလျှင် ၁ သောင်း ၂ ထောင် ကျော်ပေါက်ဈေးရှိပြီး၊ ကွမ်းသီးခြောက် (အဟောင်း) ဈေးနှုန်းမှာ တစ်ပိသာလျှင် ၁ သောင်း ၉ ထောင်ကျော်အထိ ပေါက်ဈေးရရှိနေသော် ကွမ်းသီးအဝယ်ဒိုင်ကြီးများထံ မည်သည့်ကွမ်းသီးခြောက်အမျိုးအစားများ လာရောက်ရောင်းချမှု မရှိသေးကြောင်း အဝယ်ဒိုင်တစ်ဦးက ပြောသည်။

    “ဒီနှစ်က ကွမ်းသီးဟောင်းတွေကလည်း ကုန်သွားတယ်။ ကွမ်းသီးသစ်တွေကလည်း မိုးကြီးလို့ မဝင်လာဘူး။ ဒီမနှစ်ကွမ်းသီးက အသီးအနုတွေကို အကုန်ရောင်းလိုက်တော့ အသီးခြောက်တွေက ဖောက်သည်လက်မှာရော တောင်သူလက်မှာရောမရှိတော့ဘူး။ပြီးတော့ ဒီနှစ်ကွမ်းသီးက အထွက်နှုန်းများတယ်၊ ဒါပဲမိုးကြီးနေလို့ ကွမ်းသီးက တောင်သူလက်မှာပဲရှိပြီးအခြောက်ခံမရတော့ ကျွန်တော်တို့ဆီကို မရောက်လာဘူး” ဟု မော်လမြိုင်မြို့ရှိ ကွမ်းသီးအဝယ်ဒိုင်းတစ်ဦးက ဆိုသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မိုးတွင်းကာလတွင် ကွမ်းသီနုဈေးကောင်းရရှိနေသဖြင့်ကွမ်းသီးများကို အခြောက်ခံသိုလှောင်သူနည်းပြီး ဈေးကွက်အတွင်း တစ်ပိသာ ၁ သောင်း ၅ ထောင်ဝန်းကျင်အထိ ဈေးကောင်းရရှိခဲ့သည်ဟု သိရသည်။

    မြန်မာနိုင်ငံမှ ထွက်ရှိသော ကွမ်းသီးခြောက်များကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရန် ၂၀၂၄ ခုနှစ်စ၍ သုံးနှစ်စာချုပ်ဖြင့် သဘောတူညီမှုရရှိထားပြီး လစဉ်တန်ချိန် ၂၀ဝ တင်ပို့သွားမည်ဟု မြန်မာနိုင်ငံကွမ်းသီးစိုက်ပျိုးထုတ်လုပ်၊ တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် မိုးလေဝဿနှင့် ဇလဗေဒဦးစီးဌာနမှ ယနေ့ညနေ ၄ နာရီအချိန် တိုင်းထွာချက်များအရ မိုးတိမ်တောင်ဖြစ်ပွားမှုအားကောင်းနေပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ မနက်ဖြန်အထိဖြစ်နိုင်ကြောင်းလည်း သတိပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks