Friday, March 13, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ပေါ် ပုဂ္ဂလိကဆေးရုံအချို့ ခွဲစိတ်မှုလုပ်ဆောင်ရန်ဖိအားပေးပြီး ငွေကြေးတောင်းခံမှုများ

    မော်လမြိုင်မြို့ပေါ် ပုဂ္ဂလိကဆေးရုံအချို့ ခွဲစိတ်မှုလုပ်ဆောင်ရန်ဖိအားပေးပြီး ငွေကြေးတောင်းခံမှုများ

    -

    မွန်ပြည်နယ်၊မော်လမြိုင်မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံအချို့တွင် ဆေးကုသမှုတစ်စုံတစ်ရာအတွက် လာရောက်သူများကို ခွဲစိတ်မှုခံယူရန်သာ အတင်းဖိအားပေးနေပြီး အဆမတန် ငွေကြေးတောင်းခံနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၏ ပြောပြချက်အရ သိရသည်။

    ပုဂ္ဂလိကဆေးရုံသို့ ကုသမှုခံယူလိုသည်ဖြစ်စေ၊ ရောဂါစမ်းသတ်လိုသည်ဖြစ်စေ လာရောက်သူများကို တာဝန်ခံဆရာဝန်များမှ ခွဲစိတ်မှုလုပ်ဆောင်ရန်သာ ဖိအားပေးနေကြောင်း၊ ခွဲစိတ်မှုအမျိုးအစားပေါ်မူတည်ပြီး သိန်းဆယ်နှင့်ချီ ကုန်ကျနေကြောင်းလည်း သံဖြူဇရပ်မှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ခွဲစိတ်လူနာရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

    ပုံ-Ko Chit Thu (လူမှုကွန်ရက်စာမျက်နှာ)

    "အများစုကတော့ ရောဂါသွားပြတာပဲဖြစ်ဖြစ်၊ သွားစမ်းသတ်ချင်တာပဲဖြစ်ဖြစ် ပုဂ္ဂလိဆေးရုံကိုပဲသွားတာများတယ်လေ၊ ဆေးရုံကဆရာဝန်ကတော့ နည်းနည်းဖြစ်ရင် ခွဲဖို့ပဲပြောနေတယ်၊ ခွဲမှအဆင်ပြေမယ် အဲလိုပေါ့၊ ခွဲစိတ်မှပျောက်မယ်ဆိုပြီးတော့ ခွဲဖို့ပဲဖိအားပေးနေတော့တယ်။ ခွဲစိတ်ရမယ်လို့ပြောပြီးတော့ ငွေများများတောင်းတယ်၊ လူနာကလည်း ခွဲစိတ်မှုမလုပ်ရင် မပျောက်မှာလည်း စိုးတော့လေ ဆရာဝန်ပြောတဲ့အတိုင်းပဲလုပ်ရတယ်"ဟု ဆိုသည်။

    ခွဲစိတ်မှုလုပ်ဆောင်ရန် ဖိအားပေးရုံမျှမက ကျန်းမာရေးအခြေအနေအရ အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း ပြောဆိုပြီး ခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

    "အကယ်လို့ ကိုယ်က ခွဲစိတ်မှုမလုပ်ဘူးလို့ပြောရင်၊ ကိုယ့်ရောဂါကို အကြီးကြီးဖြစ်အောင်ပြောလိုက်တာ၊ မခွဲဘူဆိုရင် ကြာလာရင် ဘာဖြစ်တယ် ညာဖြစ်တယ်၊ ခွဲစိတ်ဖို့မလိုတဲ့ လူနာတစ်ဦးက ခွဲစိတ်မှုလုပ်ဆောင်ရပြီးဆိုရင် အနည်းဆုံး ဆေးရုံမှာ ၅ ရက်ကြာနေရတယ်၊ အဲဆိုကုန်ပြီးလေ ၁၀ သိန်းကနေ ၂၀ ကြား၊ ကျမတို့သတိထားမိသလောက်ဆိုရင် ခွဲရသူတွေချည်းပဲ"အထက်ပါ အမျိုးသမီးက ပြောသည်။

    ထို့ကြောင့် ပြည်သူများငွေကြေးကြပ်တည်းမှုနှင့် ရင်ဆိုင်နေရသည့်ကာလတွင် သင့်တင့်မျှတသည့် ဆေးကုသစရိတ်ယူဆောင်ရန်နှင့် ဘေးကင်းလုံခြုံစိတ်ချရသည့် ဆေးဝါးကုသမှုများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းလည်း ပြောသည်။

    ပုဂ္ဂလိကဆေးရုံများ ဆေးကုသမှုစရိတ်များနေချိန်တွင် ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ကုန်ကျစရိတ်ပိုမိုသက်သာခြင်းနှင့် ဝန်ဆောင်မှုကောင်းမွန်ခြင်းတို့ကြောင့် ပြည်သူများ ပိုမိုယုံကြည်လာကြောင်းလည်း သိရသည်။

    ထို့အပြင် ငွေကြေးကုန်ကျမှုများခြင်းကြောင့် သာမန်မွန်ဒေသခံများ ပြည်သူ့ဆေးရုံကြီးသို့ ရောဂါပြသခြင်း၊ သွားရောက်စမ်းသတ်ခြင်းများ တဖြည်းဖြည်း လုပ်ဆောင်လာကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks