spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းသထုံတွင် စစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ နေအိမ်နှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး

    သထုံတွင် စစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ နေအိမ်နှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း စစ်ကော်မရှင်တပ် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၃ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက စစ်ကော်မရှင် အမှတ်-၃၁၄ အမြောက်တပ်မှ ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများထဲကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး၊ အမှတ်(၉) ခြေမြန်တပ်ရင်းမှ ၆၀ မမ လက်နက်ကြီး ၅ လုံး ပတ်ခတ်ခဲ့သည်။

    ထိုလက်နက်ကြီးများသည် သထုံမြို့နယ်၊ ကျခတ်ချောင်းကျေးရွာအုပ်စု နောင်ကတုတ်အောက်ရွာ လှသာကုန်းကွင်းတွင် ၁ လုံး၊ ရွှေရောင်ပြကျေးရွာအုပ်စု မိချောင်းအိုင်ရွာအနီးဝန်းကျင်တွင် ၁ လုံး၊ ချောင်းစောင့်ကျေးရွာအုပ်စု ချောင်းစောင့်ရွာအတွင်းအပြင် လက်နက်ကြီး ၅ လုံး ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

    Photo : 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

    အလားတူ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည်ကလည်း စစ်ကော်မရှင်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချောင်းစောင့်ကျေးရွာအုပ်စု ရေဝေကျေးရွာ၊ ကျောက်တောင် ကျေးရွာအုပ်စု နောင်ကတုတ်အထက်ရွာ၊ ကော့လှိုင်းရွာအုပ်စု ကော့လှိုင်းရွာ၊ မတ်ချ ကျေးရွာအုပ်စု ဝင်ဖုန်းတောင်ခြေ၊ ရွှေရောင်ပြကျေးရွာအုပ်စု မိချောင်းအိုင်ရွာ၊ ကျခတ်ချောင်းကျေးရွာအုပ်စု ရွှေကြည်ရွာနှင့် ရေတွင်းဖြူ ရွာထဲကို Mi-17 Military Transport Helicopter ဖြင့် ၈၁ မမ လက်နက်ကြီး ၃၈ လုံး ကြဲချခဲ့သည်။

    စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရေဝေရွာနေ အသက် ၂၇ နှစ်အရွယ် နော်နိုင်းနိုင်း၊ နောင်ကတုတ်အထက်ရွာနေ အသက် ၅၅ နှစ်အရွယ် စောမောင်ဝင်းမြင့်တို့ ၂ ဦး ကျည်စထိမှန် ဒဏ်ရာများ ရရှိသည်။

    ၎င်းပြင် စစ်ကော်မရှင်တပ် ခမရ- ၉ မှ ချောင်းစောင့် ကျေးရွာအုပ်စု၊ ချောင်းစောင့်ရွာနှင့် အနီးတဝိုက်ကို ၆၀ မမ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ အရပ်သား ပြည်သူလူထုများ၏ လုပ်ငန်းခွင်များအတွင်း ကျရောက်ပေါက်ကွဲပြီး သီးနှံပင်များထိခိုက် ပျက်းစီးခဲ့ရသည်။

    အမှတ် ၉ လေ့ကျင့်ရေးတပ်ရင်းမှလည်း ချောင်းစောင့်ကျေးရွာအုပ်စု ချောင်းစောင့်ကျေးရွာထဲကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံး၊ ရွှေရောင်ပြကျေးရွာအုပ်စု ရွှေရောင်ပြရွာထဲကို ၃ လုံး ကျဲချခဲ့ရာ ရွှေရောင်ပြရွာရှိ နေအိမ်များ ထိမှန်ပျက်စီးခဲ့ရသည်။

    စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားပြည်သူလူထုများကို ပစ်မှတ်ထားပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks