spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေရှိ ကျေးရွာများအတွင်း စစ်ကောာ်မရှင်မှ လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ နီးပါးကြဲချ

    ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေရှိ ကျေးရွာများအတွင်း စစ်ကောာ်မရှင်မှ လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ နီးပါးကြဲချ

    -

    ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ (၁)၊ တပ်ရင်း (၂) နယ်မြေရှိ သထုံနှင့် ဘီးလင်းမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကော်မရှင်မှ Y 12 လေယာဉ် ၂ စီးဖြင့် ဗုံးအလုံးရေ ၃၀ နီးပါးကြဲချခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရသည်။

    ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က သထုံနှင့် ဘီးလင်းမြို့နယ်အစပ်ရှိ ရေဝေကျေးရွာနှင့် ချောင်းစောက်ကျေးရွာအကြားတွင် ၆ လုံးဝန်ကျင်၊ ရွှေကြည်ကျေးရွာဘက်တွင် ၇ လုံး၊ မိချောင်းအိုင်ကျေးရွာတွင် ၁၁ လုံး၊ ရွှေရောင်ပြကျေးရွာတွင် ၅ လုံးဝန်းကျင် ကျရောက်ပေါက်ကွဲခဲ့သည်။

    ဒေသခံတစ်ဦး၏ ပြောပြချက်အရ ဗုံးသီးကျရောက်ပေါက်ကွဲမှုအတွင်း ကျောင်းဆရာမတစ်ဦး၊ ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ရကြောင်း ဆိုသည်။

    ပုံ-CJ

    "အလုံး ၃၀ လောက်ရှိမယ် မနည်းဘူး၊ ပတ်ပတ်လည်ပဲ ရွာတွေမှာကြဲချတယ်။ ရေဝေရွာမှာ ဆရာမတစ်ထိတယ်။ အခြားရွာမှာလည်းထိတာရှိမယ် တိုက်ပွဲတော့မဖြစ်ဘူး စစ်ကြာင်းထိုးဖို့ လုပ်နေတုန်း" ဟု တပ်မဟာ (၁) သတင်းအရင်းမြစ်က ပြောသည်။

    KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့် အဆိုပါဒေသတွင် စစ်ကော်မရှင်တပ်မှ ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးမှု လုပ်ဆောင်နေသည့် အခြေအနေများ ရှိကြောင်းလည်း သိရသည်။

    ယမန်နေ့ နံနက်ပိုင်းကလည်း သထုံမြို့နယ်၊ တံတားဦးရွာအနီးရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် စစ်တပ်ရိက္ခာတင်ကုန်တွဲ ၂ တွဲပျက်စီးပြီး ရထားလမ်းပိုင်းလည်း ပျက်စီးခဲ့ရခြင်းကြောင့် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks