spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမုဒုံဆိပ်ကမ်းဘက် စက်သုံးဆီပြောင်းလဲတင်သွင်းပြီးနောက်  ဆီပြတ်လပ်မှုဖြစ်လာ

    မုဒုံဆိပ်ကမ်းဘက် စက်သုံးဆီပြောင်းလဲတင်သွင်းပြီးနောက်  ဆီပြတ်လပ်မှုဖြစ်လာ

    -

    မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးမည့် စက်သုံးဆီများကို မုဒုံဆိပ်ကမ်းမှတစ်ဆင့်ပြောင်းလဲတင်သွင်းပြီးနောက် မွန်ပြည်နယ်တွင် ၃ ရက်ကြာ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများနှင့် စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရသည်။

    ယခင်တွင် မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးမည့် စက်သုံးဆီများကို ရန်ကုန်သီလဝါဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းနေသော်လည်း မုဒုံဆိပ်ကမ်းကို စီးပွားရေးဇုန်အဖြစ်လုပ်ဆောင်လိုသဖြင့်  ဖြန့်ဖြူးမည့်ဆီများကို မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာဘက်သို့ပြောင်းလဲတင်ပို့လာခြင်း ဖြစ်သည်။

    ကတုံးပေါ်ကျေးရွာမှတစ်ဆင့် စက်သုံးဆီဖြန့်ဖြူးခွင့်ရရှိထားသူများ၏ စီမံခန့်ခွဲမှုစနစ်မကျမှုကြောင့် မော်လမြိုင်၊ ပေါင်၊ ဘီးလင်း စသည့်မြို့နယ်များ ယခုရက်ပိုင်းတွင် စက်သုံးဆီပြတ်လပ်မှုဖြစ်နေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း  မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    ပုံ-Denko ဆီဆိုင်

    “ ဒီနေ့အထိမပြေလည်သေးဘူး အဓိကကတော့ ဆီဖြည့်တဲ့ကားတွေတန်းစီနေရတုန်းပဲ ဆိုင်တစ်ဆိုင်ကို ကားဆီတစ်စီး ဝင်ဖို့အတွက် လေးရက်ကြတယ် အဲ့တာအချိန်မမှီဘူးဖြစ်နေတယ်၊ 95 က ၃၁၀၀ ကျော်တယ် 92 က ၃၀၅၀ ဖြစ်တယ် ဆိုင်မှာ ကရောင်းကိုမရောင်းတော့တာ အခုပဲမော်လမြိုင်ကိုသွားတယ် လမ်းတစ်လမ်းလုံးဆီမရဘူး၊ မုဒုံကတော့ဆီရသေးတယ် ကျန်တဲ့မြို့တွေပဲ အဆင်မပြေဘူး” ဟု ပြောသည်။

    လက်ရှိတွင် ဆီဘောက်ဆာကားများဆီရရှိရန်  ၄ ရက်ခန့်ကြာ စောင့်ဆိုင်းနေရပြီး ဆီသယ်ကားများ ဌားရမ်းရန်ခက်ခဲလာသည်။

    စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့်ရသူများမှ ညပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် ဘုရားသုံးဆူ မြို့များသို့ တရားမဝင် တင်သွင်းမှုများလည်း လုပ်ဆောင်နေခြင်းကြောင့် ဆီပြတ်လပ်မှုဖြစ်နိုင်ကြောင်းလည်း ဆီလုပ်ငန်းရှင်များက ဝေဖန်ပြောဆိုလျှက်ရှိသည်။

    “ ဆီဘောက်ဆာကားတစ်စီးကို ဆီဖြည့်ဖို့ ၅ နာရီကြာတယ်ဆိုတော့ တစ်ရက်ကို ဘယ်နှခေါက်ရမလဲဆိုတာက သူတို့ကိုက်မကိုက်ရှိသေးတယ်။ မုဒုံဘက်ကို ပြောင်းတင်လိုက်တာ မကြာသေးဘူး။ ကနဦးမို့လို့အထာမကျတာရယ် စီမံခန့်ခွဲမှုညံ့တယ်ပေါ့၊ အစိုးရကမကြီးကြပ်ဘူး နယ်စပ်ကိုညဘက်သွားနေတာရှိတယ် ” ဟု ပေါင်မှ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    မွန်ပြည်နယ်၊ မြို့ပေါ်တို့တွင် လျှပ်စစ်မီးအချိန်မှန်ပြန်ရလာသောကြောင့် လုပ်ငန်းလည်ပတ်ရာတွင် အခက်အခဲမရှိသေးသော်လည်း စက်သုံးဆီဆိုင်အရောင်းဆိုင်များတွင် ဆီပြတ်လတ်နေသည့်အတွက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ခက်ခဲလာကြသည်။

    တန်ဆောင်တိုင် ရုံးပိတ်ရက်အတွင်း ဒေသခံများ ခရီးသွားလာမှုများပြီး စက်သုံးဆီလိုအပ်ချက်ကြောင့် ခရီးစဉ်ရွှေ့ဆိုင်းရသည့်အခြေအနေများလည်း ရှိနေကြောင်း ယာဉ်မောင်းနှင့် နီးစပ်သူများမှ ဆိုသည်။

    စစ်ကော်မရှင် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ပမှ တင်သွင်းဖြန့်ဖြူးသည့် စက်သုံးဆီများကို အများပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရန် စိုက်ထုတ်ကုန်ကျခံ ဆောင်ရွက်ပေးနေကြောင်း ဆိုထားသော်လည်း မြေပြင်တွင် လာရောက်ကြီးကြပ်မှုမရှိခြင်းကြောင့် ဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks