spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းနယ်စပ်ကုန်သွယ်ရေးစည်းမျဉ်းအချို့ ဖြေလျှော့ထားသဖြင့် ဘုရားသုံးဆူမှကုန်စည်တင်ပို့မှု လွယ်ကူလာဟုဆို

    နယ်စပ်ကုန်သွယ်ရေးစည်းမျဉ်းအချို့ ဖြေလျှော့ထားသဖြင့် ဘုရားသုံးဆူမှကုန်စည်တင်ပို့မှု လွယ်ကူလာဟုဆို

    -

    ထိုင်းအစိုးရမှ ကန်ချပူရီနယ်စပ်ကုန်သွယ်ရေးအတွက် တင်းကြပ်ထားသည့်စည်းမျဉ်းများကို ဖြေလျှော့ရန် ဆွေးနွေးထုတ်ပြန်ထားသည့်နောက် ကုန်စည်တင်ပို့မှုလမ်းကြောင်း လွယ်ကူလာသည်ဟု နယ်စပ်ကုန်သည်များမှ ဆိုသည်။

    ကန်ချနပူရီပြည်နယ်ခန်းမ၌ အောက်တိုဘာလ၂၇ ရက်နေ့က  ပြုလုပ်ခဲ့သောဆွေးနွေးပွဲတွင် ကန်ချနပူရီရှိ ဖူနမ်ရွန်အမြဲတမ်းနယ်စပ်ဂိတ်နှင့် ဘုရားသုံးဆူကုန်သွယ်ရေး ယာယီနယ်စပ်ဂိတ်မှတစ်ဆင့် ကုန်သွယ်ရေးကဏ္ဍများကျဆင်းနေသည်ဟု ဆိုသည်။

    လာမည့်၂၀၂၆ ဘဏ္ဍာနှစ်စီမံကိန်းကို အရှိန်အဟုန်မြင့်တင်ရန် ဆောင်ရွက်ရမည်ဟုညွန်ကြားထားပြီး တင်းကြပ်ထားသည့်နယ်စပ်ကုန်သွယ်ရေးစည်းမျဉ်းအချို့ကို ပြန်လည်ဖြေလျော့မည်ဟုလည်း ပြောဆိုထားသည်။

    ထိုင်း-မြန်မာနယ်စပ်ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ ယခင်ကန့်သတ်ထားသည့် အိမ်ဆောက်ပစ္စည်းနှင့် စားသောက်ကုန်များကို နယ်စပ်ဂိတ်မှထောက်ခံစာအပြည့်အစုံပါရှိသူများအား လက်ရှိတွင် ကုန်သွယ်ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း ဆိုသည်။

    “ ၁၀ ဘီးကား၊ ၆ ဘီးကား ထိုင်းကုန်စည်သက်သက်ကို ထိုင်းအစိုးရဘက်က ကုန်စည်တင်ပို့ခွင့်ပြုထားတယ်။ ဒါပေမဲ့ ထိုင်းဘက်ကနေ အခွန်ဆောင်စာရွက်ရှိတဲ့သူတွေ၊ စံခလနယ်စပ်ဂိတ်ကို အသေချာသတင်းပို့ထားတဲ့သူတွေမှ ခွင့်ပြုတယ်။ ထားဝယ်နဲ့မြဝတီဘက်ကဂိတ်တွေ သိပ်အခြေနေမကောင်းတော့ ကုန်သည်အများစုက ဒီသုံးဆူဂိတ်ကိုပဲ အသုံးများလာကြတယ်။” ဟု ဘုရားသုံးဆူမှ ကုန်သည်တစ်ဦးက ဆိုသည်။

    ထို့အတူ ဘုရားသုံးဆူမြို့မှတစ်ဆင့် ဆန်၊ အထည်အလိပ် နှင့် ကြက်သွန်နီများကိုလည်း သွင်းကုန်အဖြစ် ကုန်သည်များက ကူးသန်းရောင်းဝယ်နေပြီးဖြစ်ကြောင်း ဆိုသည်။

    ဘုရားသုံးဆူယာယီနယ်စပ်ဂိတ်သည် တရားဝင်သတ်မှတ်ထားသည့် ကုန်သွယ်ရေးဂိတ်မဟုတ်သော်လည်း လုံခြုံရေးအခြေအနေအရ လက်ရှိ ထိုင်းကုန်စည်ကုန်သွယ်သည့်ကုန်သည်အများစု အဓိကအသုံးပြုနေသည့်လမ်းကြောင်းတစ်ခု ဖြစ်နေသည်။

    ထိုင်းအစိုးရမှ ၂၀၂၅ နှစ်ဆန်းပိုင်းမှစပြီး ကုန်သွယ်ရေးတင်းကြပ်ထားစဉ် တစ်အိမ်ထောင်စု တစ်စုစာမျှသာရှိသည့်ထိုင်းကုန်စည်များကိုသာ ဝယ်ယူခွင့်ရှိသည့်အတွက် ထိုင်းကုန်စည်များ ဈေးမြင့်တက်လာနေခဲ့ကြောင်း ဘုရားသုံးဆူဒေသခံများက ဆိုသည်။

    ယခုကဲ့သို့ ဖြေလျှော့မှုရှိလာသည့်အပေါ် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ကုန်သွယ်မှုလုပ်ငန်း ပိုမိုလွယ်ကူရန် နယ်စပ်ဒေသခံနှင့် ကုန်သည်များက မျှော်လင့်လျှက်ရှိသည်။

    “ ကုန်ဈေးနှုန်းတွေက ထပ်ကျဖို့တော့ရှိမယ်လို့မျော်လင့်တယ်။ ထိုင်းထုတ် စားသုံးဆီတွေကိုလည်း ၃ ဘတ်လောက် ကျသွားတယ်။ အရင်က ဆောက်လုပ်ရေးပစ္စည်တွေလုံးဝဖြတ်ကျော်ခွင့်မရခဲ့တဲ့အချိန်မှာ အခုက ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့သံတွေလည်း ဖြတ်ကျော်ခွင့်ရပြီးတော့ ဈေးကျသွားနိုင်တယ်လို့ ကျနော်မှန်းဆတယ်။” ဟု မြို့ခံတစ်ဦးက ဆိုသည်။

    ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး စီမံခန့်ခွဲမှုတွင် အိမ်နီးချင်းနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုနှင့် ပတ်သတ်၍ အလေးထားဆွေးနွေးခဲ့သေးသည်။

    သို့သော် ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုစံနှုန်းများကို ယခင်အတိုင်းပင်  တင်းကြပ်စွာ ထိန်းချုပ်သွားမည်ဖြစ်သည်ဟု ထိုင်းအစိုးရအဖွဲ့မှ ဆိုထားသည်။

    ပုံ-IMNA 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks