spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းခြိမ်းခြောက်မှုမျိုးစုံနှင့် ရင်ဆိုင်နေရသော အမျိုးသမီးသတင်းသမားများ၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးမှဖော်ပြ

    ခြိမ်းခြောက်မှုမျိုးစုံနှင့် ရင်ဆိုင်နေရသော အမျိုးသမီးသတင်းသမားများ၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးမှဖော်ပြ

    -

    မြန်မာနိုင်ငံတွင် သတင်းရယူခွင့်အတွက် onlineနှင့် offline အခြေအနေနှစ်မျိုးလုံးတွင် နှောင့်ယှက်မှု၊ စောင့်ကြည့်မှုနှင့် အလွဲသုံးစားပြုလုပ်မှုများအပါအဝင် ခြိမ်းခြောက်မှုမျိုးစုံးနှင့် ရင်ဆိုင်နေရသော အမျိုးသမီးသတင်းသမားများ၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးမှ ထုတ်ပြန်သည်။

    ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် ကျရောက်သော "နိုင်ငံတကာသတင်းထောက်များအပေါ် ကျူးလွန်သောပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများ အဆုံးသတ်ရေးနေ့"တွင် မြန်မာနိုင်ငံသည် သတင်းသမားများအား ဖမ်းဆီးအကျဉ်းချမှု အများဆုံးနိုင်ငံဖြစ်ပြီး အမျိုးသမီးသတင်းသမားအပါအဝင် အနည်းဆုံး သတင်းသမား ၅၁ ဦး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ဆိုသည်။

    ထို့ကြောင့် ဗြိတိန်သံရုံးမှ  အမျိုးသမီးသတင်းသမားများအပါအဝင် စိန်ခေါ်မှုများကြား သတင်းရယူနေသည့် မြန်မာနိုင်ငံရှိ စာနယ်ဇင်းသတင်းသမားများအားလုံး၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုကြောင်းနှင့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသော အမျိုးသမီးသတင်းသမားများကို ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    "မြန်မာနိုင်ငံရှိ စာနယ်ဇင်းသတင်းသမားများအားလုံး၏ ရဲစွမ်းသတ္တိကို မိမိတို့ဂုဏ်ပြုအပ်ပါသည်။ အထူးသဖြင့် offline နှင့် online အခြေအနေနှစ်မျိုးလုံးမှာ နှောက်ယှက်မှု၊စောင့်ကြည့်မှု၊ အလွဲသုံးစားလုပ်မှုနှင့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသော အမျိုးသမီးသတင်းသမားများကို အမှတ်တရ ဂုဏ်ပြုအပ်ပါသည်။"ဟု ဗြိတိန်မြန်မာသံရုံး UK in Myanmar လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြသည်။

    ဗြိတိန်အစိုးရအနေဖြင့် မီဒီယာလွတ်လပ်ခွင့်အပေါ် ချိုးဖောက်မှုအားလုံးကို ရှုတ်ချပြီး မီဒီယာလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း (သို့မဟုတ်) ကန့်သတ်ချုပ်ချယ်သူများကို အရေးယူဆောင်ရွက်မည်ဖြစ်သည်။

    ၎င်းအပြင် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဘေးကင်းလုံခြုံစေရေးအတွက် အကူအညီများကို ဗြိတိန်အစိုးက ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်ဟု ဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks