spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမိုးကုတ်မြို့နှင့် စစ်ရေးအလားအလာ

    မိုးကုတ်မြို့နှင့် စစ်ရေးအလားအလာ

    -

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မိုးကုတ်နှင့် မိုးမိတ်မြို့တို့အား စစ်တပ်ဆီ ပြန်ပေးကာ အပစ်ရပ်မည် ဖြစ်ကြောင်း တရားဝင်ကြေညာပြီးနောက် နွေဦးတော်လှန်ရေးအင်အားစုများကလည်း မြို့ကို ကာကွယ်သွားမည်ဟု အသီးသီး ထုတ်ပြန်ကြေညာလာကြသည်။

    ၁၀၂၇ စစ်ဆင်ရေးကာလ မိုးကုန်မြို့သိမ်း တိုက်ပွဲတွင် ပါဝင်ခဲ့ကြသော မိုးကုတ်ဗျူဟာ၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF)၊ အမှတ် ၁၂၂၂ တပ်ရင်း (TRI ဗျူဟာ)၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Myingyan Black Tiger – MBT တပ်ဖွဲ့တို့က ထိန်းချုပ်နယ်မြေများ စစ်ကော်မရှင်လက်အောက် ပြန်မရောက်ရေး ကာကွယ်သွားမည်ဟု ထုတ်ပြန်ထားကြသည်။

    မိုးကုတ်ဗျူဟာမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့တွေ ဒီမြို့ကို TNLA ရဲ့ ဦးဆောင်မှုနဲ့ တိုက်ခဲ့ကြတာ ဆိုပေမယ့် မြို့ထဲမှာ တောက်လျှောက် ရှိခဲ့ပါတယ်။ အခု TNLA က မြို့ကို ပြန်ပေးလိုက်ပြီဆိုပေမယ့် ကျွန်တော်တို့ကတော့ ဒီစစ်တပ် မြို့ထဲကို ဝင်မလာနိုင်အောင် ရသလောက် ခုခံသွားမှာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

    မိုးကုတ်မြို့သို့ ဝင်ပေါက် နှစ်ခုဖြစ်သည့် သပိတ်ကျင်းမြို့နယ် ဖော့တာလမ်းပိုင်း နေရာအများစုကို PDF များက စိုးမိုးထားသလို ပြင်ဦးလွင်ဘက်မှ တက်လာသည့် လမ်းပိုင်းတွင်လည်း မိုးကုတ်မြို့အဝင် နယ်မြေကို PDF များက စိုးမိုးထားသည်။

    မိုးကုတ်မြို့ကို TNLA က ပြန်ဆုတ်ပေးသော်လည်း စစ်ကော်မရှင်တပ်က PDF တပ်ဖွဲ့တို့နှင့် ရင်ဆိုင်ရဦးမည်ဟု စစ်ရေးလေ့လာသုံးသပ်သူတို့က သုံးသပ်သည်။

    “ဖော့တောလမ်းဆုံကို စစ်တပ်က သိမ်းထားပေမယ့် ဒီလမ်းကို PDF က ဝိုင်းထားတာ။ နောက်ပြီး ဒီပြင်ဦးလွင်ဘက်က တက်လာရင်လည်း မိုးကုတ်မြို့အဝင်က PDF တွေနေရာပဲ။ ဒါပေမယ့် ဒါတွေက ကားလမ်းပေါ့။ ကားလမ်းအတိုင်း တက်လာရင် ဘယ်သူက ပြန်ပေးပေး PDF နဲ့တော့ ထိပ်တိုက်တွေ့မှာပဲ။ အဲဒီတော့ တိုက်ပွဲကလည်း ရှိမှာပဲ” ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

    PDF များ၏ ပြောပြချက်အရ နိုဝင်ဘာလကုန်ပိုင်းတွင် TNLA တပ်များ မိုးကုတ်မြို့ပေါ်မှ အပြီးသတ် ဆုတ်ခွာမည်ဖြစ်ကြောင်း သိရသည်။

    PDF များကတော့ တရုတ်ဖိအားသည် ၎င်းတို့အပေါ်တွင် မရှိသည့်အတွက် တတ်နိုင်သမျှ ခုခံကာကွယ်သွားမည်ဟု ပြောဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks