spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းလောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းဖွဲ့များက တိုက်ခိုက်သိမ်းပိုက်

    လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းဖွဲ့များက တိုက်ခိုက်သိမ်းပိုက်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု နည်းဗျူဟာ ၃၃၊ အထူးတိုင်းစစ်ဌာနက  အောက်တိုဘာလ ၃၀ ရက်နေ့ မနေ့က သတင်းထုတ်ပြန်သည်။

    မောင်းမကန်ရဲစခန်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ၅ နာရီခွဲဝန်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီတွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ မောင်းမကန်ရဲစခန်းတွင် စစ်ကော်မရှင်လက်အောက်ခံပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့များက အင်အား ၆၀ ဝန်းကျင် အထိုင်ချနေသည်ဟု အထူးတိုင်းစစ်ဌာနဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ပြောသည်။

    “တိုက်ပွဲဖြစ်နေတဲ့အချိန်မှာဆို ရန်သူဘက်က လေယာဉ်နဲ့လာပြီးတော့ ဗုံးကြဲတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ်။ ရေတပ်ကနေလည်း လက်နက်ကြီးနဲ့ ဆက်တိုက်ဖြစ်တယ်။ အခုချိန်ကတော့ စခန်းကို ကျွန်တော်တို့ရှင်းလင်းပြီးတာနဲ့ ပြန်ထွက်လာခဲ့တယ်။ ကျွန်တော်တို့ရဲဘော်တွေလည်း လွတ်မြောက်နယ်မြေထဲပြန်ရောက်လာပါပြီး”ဟု ၎င်းက ပြောသည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ရဲဘော်တစ်ဦးကျဆုံးသွားပြီး စစ်ကော်မရှင်တပ်ဘက်မှ တပ်သား ၁၂ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ကျန်တပ်သားများလည်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ၎င်းအပြင် Uzi အမျိုးအစားသေနတ် ( ၆ )လက်၊ G3 အမျိုးအစားသေနတ် ( ၇ ) လက်၊ Shot Gun/ Smoke Gun ( ၂ ) လက်၊ ကွန်မန်ဒိုစိန်ပြောင်း ( ၂ )လက်၊ ခြောက်လုံးပြူး ( ၄ )လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ( ၂၁ )လက်၊ Jampar စက် ( ၂ ) လုံးအပါအဝင် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

    အဆိုပါတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ( ၁ ) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ ( ၃၃ )၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ ( KBDF )၊ ဒေါနတပ်ရင်း တပ်ခွဲ-၇ ( LPF )နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများဖြစ်သည့် ထားဝယ်ခရိုင်တပ်ပေါင်းစု၊ DNLA ဓူကရစစ်ကြောင်း၊ ရာမညမွန်တပ်တော် RMA ၊ ဖက်ဒရယ်ဓူဝံကြပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    video- ပြည့်သူ့ကာကွယ်ရေးတပ်မတော်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks