spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစစ်အုပ်စုနှင့် TNLA အပစ်ရပ်သော်လည်း တိုက်ပွဲဆက်ရှိနေမည်

    စစ်အုပ်စုနှင့် TNLA အပစ်ရပ်သော်လည်း တိုက်ပွဲဆက်ရှိနေမည်

    -

    တရုတ်၏ ဖိအားပေးမှုနှင့်အတူ စစ်ကော်မရှင်တပ် နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သော်လည်း တိုက်ပွဲများ ဆက်ရှိနေမည်ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် TNLA ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကော်မရှင် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့သည် အောက်တိုဘာလ ၂၇၊ ၂၈ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြိုတွင် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိင်းမှုများအရ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ TNLA တပ်ဖွဲ့များ ဆုတ်ခွာမည်ဖြစ်ကြောင်း၊ စစ်ကော်မရှင်မှ တအာင်းဒေသသို့ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် သဘောတူခဲ့ကြသည်။

    သို့သော်လည်း အဆိုပါ အပစ်အခတ်ရပ်စဲခြင်းသည် TNLA တပ်ဖွဲ့နှင့်သာ ဖြစ်သည့်အတွက် ကျန်သော တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားနေမည်ဖြစ်ကြောင်း ဒေါက်တာလှကျော်ဇောက ပြောသည်။

    “ကျမကြည့်တာ တိုက်ပွဲတွေ ပြန်ဖြစ်ကောင်း ဖြစ်လာနိုင်တယ် ထင်ပါတယ်။ အပစ်အခတ်ရပ်စဲတာက TNLA နဲ့ သာ အပစ်အခတ်ရပ်စဲတာကို ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ အပစ်ရပ်တာမှ မဟုတ်တာ၊ ကျန်တဲ့အဖွဲ့တွေနဲ့ ဆက်တိုက်ပွဲတွေ ဖြစ်မယ်ထင်တယ် ကြည့်ရတာ။ ကျမတို့ ဗမာပြည်ရဲ့ ပဋိပက္ခက လွယ်လွယ်နဲ့ ပြီးသွားနိုင်မယ် မထင်ဘူး။ တရုတ်က ကြားဝင်ပြီး ဖျန်ဖြေပေးတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျမတို့ ပြည်သူတွေကသာ အဆုံးအဖြတ်ပေးရမှာလေ။ ကျမတို့ ပြည်သူတွေကပဲ ဒီစစ်တပ်ကို လက်မခံနေသရွေ့ ဒီပြည်တွင်းစစ်က ဆက်ရှိနေမှာပဲ” ဟု ပြောသည်။

    ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားခဲ့သည့် မိုးကုတ်မြို့မှ TNLA တပ်များ ပြန်လည်ဆုတ်ခွာမည်ဟု ကြေညာထားသော်လည်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မန္တလေး (MDY-PDF) က မိတ်ဖက် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ ဆက်လက်ကာကွယ် ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

    အလားတူ မန္တလေးတိုင်းအတွင်းရှိ နယ်မြေများတွင် တော်လှန်ရေးဆိုင်ရာ လုပ်ငန်းများမှာ အားအင်အပြည့်နှင့် ကြိုးစားဆောင်ရွက်နေလျှက် ရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ရည်မှန်းချက်ရောက်အောင် တိုက်ပွဲဝင်သွားမည်ဟု အသိပေးထားသည်။

    ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသည့် တချို့မြို့နယ်များတွင် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ထားသည့် မြို့နယ်များ ပါဝင်နေခြင်းကြောင့် အခြေအနေပေါ်

    မူတည်၍ စစ်ကော်မရှင်၏ ထိုးစစ်ဆင်မှု အပြောင်းအလဲ ရှိနိုင်သည်ဟု စစ်တပ်အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသော သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

    “ကိုယ့်ဘက်က အခွင့်အလမ်း ဖန်တီးနိုင်တဲ့ အနေအထားမှာ ရှိနေပြီ။ ကိုယ့်ဘက်က စစ်ရေးကို ဖန်တီးနိုင်တဲ့ အတွေ့အကြုံတွေ အများကြီး ရှိနေပြီဆိုရင်တော့ မြေပြင်အခြေအနေပေါ် မူတည်ပြီးတော့ ဘယ်ဘက်ကို ဖြစ်မယ်ဆိုတာက မြေပြင်မှာ လုပ်နေတဲ့ ကွန်မန်ဒါတွေရဲ့ အဓိက ရည်ရွယ်ချက်ပဲ ဖြစ်သွားတာပေါ့။ ဟိုတုန်းကလည်း ဖြေခဲ့ဖူးပါတယ်။ ဘယ်နေရာမဆို စစ်ရေးအရ အရေးကြီးတယ်ဆိုတဲ့ လုပ်သင့် လုပ်ထိုက်တယ်လို့ သတ်မှတ်ထားတဲ့ ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

    လာမည့် ဒီဇင်ဘာလအတွင်း စစ်ကော်မရှင်က ဦးဆောင်၍ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး ၎င်းမဲဆန္ဒနယ်အချို့တွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားခြင်းကြောင့် အခြေအနေပေါ်မူတည်၍ တိုက်ပွဲများ ဆက်ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က တရုတ်၏ ဖိအားပေးမှုကြောင့် အပစ်ရပ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများသည် မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲများကို ဆက်လက်ဖော်ဆောင်သွားမည်ဟု အသိပေးထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks