spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစစ်ရေးနယ်မြေများ ဘာကြောင့် ရွေးကောက်ပွဲနယ်မြေစာရင်းတွင် ပါဝင်လာသလဲ

    စစ်ရေးနယ်မြေများ ဘာကြောင့် ရွေးကောက်ပွဲနယ်မြေစာရင်းတွင် ပါဝင်လာသလဲ

    -

    စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမအသုတ်၊ ဒုတိယအသုတ် စာရင်းများတွင် စစ်ရေးအရ နယ်မြေမငြိမ်သက်နေသလို တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒေသများ ပါဝင်နေသည်။

    ရွေးကောက်ပွဲ ပထမအသုတ် စာရင်းတွင် ကချင်ပြည်နယ်ရှိ နောင်မွန်၊ မံစီ မဲဆန္ဒနယ်များ၊ စစ်ကိုင်းတိုင်းရှိ ရွှေကူ၊ မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီး၊ ရေဦး၊ ရေဖြူအပါအဝင် လောင်းလုံ၊ မက်မန်း၊ ဖယ်ခုံနှင့် မိုးနဲမြို့နယ်များ ပါဝင်နေသည်။

    အဆိုပါ နယ်မြေအများစုသည် စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် မရှိသော်လည်း ၎င်းနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းများကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီ ဖြစ်သည်။

    ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၁(က)အရ မဲဆန္ဒနယ်တစ်ခုတွင် ပါတီတစ်ခုတည်းကသာ ဝင်ရောက်ယှဉ်ပြိုင်ပါက ရွေးကောက်ပွဲကျင်းပခြင်း မပြုတော့ဘဲ ထိုပုဂ္ဂိုလ်အား လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ကြေညာရမည်ဟု ပြဋ္ဌာန်းထားသည်။

    “ရွေးကောက်ပွဲရဲ့ ဥပဒေအရ ဒီမဲဆန္ဒနယ် တစ်နေရာမှာ နိုင်ငံရေးပါတီတစ်ခုထဲက ဝင်ပြိုင်မယ်ဆိုရင် သူက မဲပေးစရာမလိုပဲ တိုက်ရိုက် အမတ်ဖြစ်တယ်။ ဒါကို စစ်တပ်က သိလို့ လုပ်ထားတာပဲ။ ဒါမျိုးက ၂၀၂၅ မှာထဲက ရှိတယ်။ အခု ကျွန်တော်တို့ ဒီစာရင်းကို ထပ်ပြီး လိုက်နေတယ်။ ရွေးကောက်ပွဲတစ်ခုလုံးစာအတွက်ဆိုရင် လောလောဆယ် ကျနော်တို့ လက်ထဲမှာ ဒီလိုယှဉ်ပြိုင်စရာမလိုပဲနဲ့ လွှတ်တော်ထဲ ရောက်မယ့်လူ အယောက် ၅၀ နီပါးလောက် တွေ့ရတယ်။ ဒီထက်လည်း ပိုများနိုင်တယ်” ဟု စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် စာရင်းသွင်း လေ့လာစောင့်ကြည့်မည့်သူ တစ်ဦးက ပြောသည်။

    စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမအသုတ် ထုတ်ပြန်ချက်တွင်ပင် အလိုအလျောက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်မည့်သူ ၃၁ ဦးအထိ ရှိနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ၂၆ ဦး ပါဝင်နေသည်။

    စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်သူ ပြည်သူ့ပါတီ၏ ခေါင်းဆောင် ဦးကိုကိုကြီးက အထက်ပါ ပြိုင်ဖက်မရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးခဲ့သော်လည်း ဖိအားများကြောင့် ပြန်လည် ရုတ်သိမ်းခဲ့ရဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

    စစ်ကော်မရှၚ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုမှ ခေါင်းဆောင်တစ်ဦးကလည်း “ကျွန်တော်တို့အနေနဲ့ကလည်း ဒီအခြေအနေတွေကို တွက်ဆမိပါတယ်။ အဲ့တာကြောင့်လည်း ကျွန်တော်တို့ တိုင်းနဲ့ ပြည်နယ်မှာပဲ ပြိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ ဘယ်လိုပုံစံနဲ့ပဲ လွှတ်တော်ထဲ ရောက်ရောက်ပါ။ ရောက်ရဖို့ အဓိကဖြစ်တာပေါ့။ ဒီကိုရောက်မှ ပြည်သူ့အကျိုးကို သယ်ပိုးနိုင်မှာလေ” ဟု ဆိုသည်။

    ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းကလည်း လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ(၃၆) အရ ရွေးကောက်ပွဲကျင်းပစရာမလိုပဲ ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသူ (၅၅) ဦးရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks