spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျိုက်မရောတွင် စစ်ကော်မရှင်တပ်များ စစ်ကြောင်းထိုးဝင်လာမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ယာယီဆုတ်ခွာထားရဟုဆို

    ကျိုက်မရောတွင် စစ်ကော်မရှင်တပ်များ စစ်ကြောင်းထိုးဝင်လာမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ယာယီဆုတ်ခွာထားရဟုဆို

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားနေသည့် ဒေသများသို့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်လာခြင်းကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ယာယီဆုတ်ခွာထားရသည်ဟု ကျိုက်မရော ဒေသခံများက ဆိုသည်။

    ဒေသခံများအဆိုအရ  အောက်တိုဘာ ၂၆ ရက်နေ့မှစ၍ စစ်ကြောင်းထိုးဝင်ရောက်သည့် စစ်ကော်မရှင်တပ်သားများသည် ယနေ့တွင် တရနာကျေးရွာအုပ်စုမှတဆင့် ကော့ဒွန်၊ ကော့ပနောကျေးရွာအလွန် ခတုံစိကျေးရွာအုပ်စုအထိ လမ်းပိုင်းတစ်လျှောက်တွင် စစ်အင်အားအများအပြားဖြင့် ဝင်ရောက်တပ်စွဲထားသည်။

    အဆိုပါဒေသတွင် ရာမညမွန်တပ်တော်(RMA)၊ ဗိုလ်စောအယ်စေးဝါးဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်းတို့က အခြေချလှုပ်ရှားနေခဲ့သော်လည်း၊ စစ်ကော်မရှင်တပ်များ၏ စစ်ကြောင်းထိုးဝင်ရောက်မှုများအပြီးတွင် အနီးအနားရှိ ကျေးရွာများသို့ ဆုတ်ခွာခဲ့ကြသည်ဟု သိရသည်။

    ပုံ- ကျိုက်မရောမြို့နယ်၏ အထင်ကရနေရာ ပျားတောင်ဒေသ 

    “ခုနောက်ဆုံးသိရသလောက်ဆို ခုချိန်မှာ စစ်တပ်က ကတုံစိ၊ ရွှေဝါချောင်းရွာအထိရောက်နေပြီး သူတို့က ဘုန်းကြီးကျောင်းမှာ၊ ပြည်သူနေအိမ်တွေမှာ နေရာချထားတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ရွာအပြင်ဘက်ခြမ်းတွေမှာ ရောက်ရှိနေတယ်လို့ကြားရတယ်။ တိုက်ပွဲကတော့မဖြစ်သေးဘူး”ဟု အလှပ်ကုန်းဒေသခံတစ်ဦးက ဆိုသည်။

    ထို့အပြင် ကဒုံစိကျေးရွာအနီးရှိ ဘိလပ်မြေစက်ရုံ(MCL)ကို စစ်ကော်မရှင်တပ်ဖွဲ့များ ပြန်လည်ထိန်းချုပ်ထားလိုက်ပြီး နေရာယူတပ်စွဲထားကြောင်းလည်း ပြောသည်။

    လက်ရှိတွင် ကျိုက်မရောဒေသခံများကို စစ်ဆေးတင်းကြပ်ခံနေရပြီး၊ ညပိုင်းတွင် အပြင်ထွက်ခွင့်ကန့်သတ်ခြင်း၊ နေအိမ်များအတွင်း ဝင်ရောက်စစ်ဆေးခြင်းနှင့် ဖမ်းဆီးရိုက်နှက်ခြင်း ခံနေရသည်။

    အင်အားရာကျော်ဖြင့် ကျေးရွာများအတွင်း ဝင်ထွက်သွားလာနေသည့် စစ်ကော်မရှင်အဖွဲ့များကြောင့် ဒေသခံများ လုံခြုံရေးအခြေအနေ စိုးရိမ်နေရပြီး အပြင်ထွက်သွားလာခြင်း မလုပ်ဆောင်ရဲကြောင်းလည်း ဆိုသည်။

    “သူတို့ဒီမှာရောက်လာတော့ ဒေသခံတွေက အပြင်သိပ်မထွက်ရဲကြတော့ဘူး။ ဘာလို့ဆို သူတို့က အင်အားရာကျော်နဲ့ သွားလာနေတယ်။ ဟိုနေ့ကပဲ ညပိုင်းသွားလာခွင့်ပိတ်တယ်။ ပြီးရင်ပြည်သူတွေကိုလည်း ရိုက်နှက်ထားသေးတယ်။ နောက်တစ်ခုက ခုဆို ရွေးကောက်ပွဲကိစ္စရော စစ်သင်တန်းကိစ္စတွေကြောင့် ပေါ်တာဆွဲခံရမှာကိုလည်း ကြောက်နေကြတယ်”ဟု ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။

    အောက်တိုဘာ ၂၆ ရက်န့မှစ၍ ရွေးကောက်ပွဲကျင်းပနိုင်ရေး နယ်မြေရှင်းလင်းရန် ကျိုက်မရောမြို့နယ်အတွင်းသို့ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး၊ တော်လှန်ရေးအဖွဲ့များ ဆုတ်ခွာခဲ့သည့် စစ်ဆေးရေးဂိတ်များကိုလည်း လိုက်လံဖျက်ဆီးနေသည်။

    ထိုနေ့တွင်ပင် စစ်ကော်မရှင်တပ်က အလှပ်ကုန်းကျေးရွာသို့ ရောက်ရှိချိန် ညနေပိုင်း ၃ နာရီခန့်တွင် ရာမညမွန်တပ်တော်နှင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲပြီးနောက် ရာမညမွန်တပ်တော်မှ အနီးအနားရှိ ကျေးရွာများသို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks