spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစစ်တပ်နှင့် အပစ်ရပ်ပြီး မိုးကုတ်နှင့် မိုးမိတ်ကနေ ဆုတ်ခွာမည်ဟု TNLA ထုတ်ပြန်

    စစ်တပ်နှင့် အပစ်ရပ်ပြီး မိုးကုတ်နှင့် မိုးမိတ်ကနေ ဆုတ်ခွာမည်ဟု TNLA ထုတ်ပြန်

    -

    တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိင်းမှုကြောင့် စစ်ကော်မရှင်တပ်နှင့် အပစ်ခတ်ရပ်စဲရေး သဘောတူခဲ့ပြီး မိုးကုတ်နှင့် မိုးမိတ်ကနေ ဆုတ်ခွာမည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

    တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲနှင့် စစ်ကော်မရှင် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့သည် အောက်တိုဘာလ ၂၇၊ ၂၈ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြိုတွင် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိင်းမှုများ ပြုလုပ်နိုင်ခဲ့ပြီးနောက် သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွာမည်ဟု TNLA က ထုတ်ပြန်ထားသည်။

    တအာင်းဒေသကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ဘဲ၊ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၂ နာရီမှစ၍ နှစ်ဖက် ရောက်ရှိနေသည့် နေရာကနေ တပ်များ ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း TNLA က ဆိုထားသည်။

    ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသည့်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

    TNLA က သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်တို့ကို ပြန်ပေးရန် စစ်တပ်က တရုတ်မှတဆင့် ပြောဆိုခဲ့သော်လည်း TNLA က ငြင်းဆိုခဲ့သည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ ပျက်ခဲ့ရသေးသည်။

    ယင်းနောက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး နောင်ချို၊ ကျောက်မဲနှင့် သီပေါတို့ကို ပြန်လည် သိမ်းပိုက်ခဲ့ပြီးနောက် ယခု မိုးကုတ်နှင့် မိုးမိတ်ကို တရုတ်၏ စေ့စပ်ညှိနှိုင်းမှု ပြန်ရရှိတော့မည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks