spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းKNU နယ်မြေအတွင်းက နေအိမ် အလုံး ၁၀၀ ကျော်ကို စစ်တပ် မီးရှို့ဖျက်ဆီး

    KNU နယ်မြေအတွင်းက နေအိမ် အလုံး ၁၀၀ ကျော်ကို စစ်တပ် မီးရှို့ဖျက်ဆီး

    -

    ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ မြိတ်-ထားဝယ်ခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းက နေအိမ် ၁၁၄ လုံးကို စစ်ကော်မရှင် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

    မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင် တပ်ရင်း ၄၀၃၊ ၄၀၄၊ ၄၀၅ ပူးပေါင်း စစ်ကြောင်းက အောက်တိုဘာလ ၂၀ ရက်နေ့မှစကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။

    ထိုစစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား အောက်တိုဘာလ ၂၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၂၅ ရက်နေ့က ‎တိုက်ပွဲနှင့် မသက်ဆိုင်သည့် လဘကျေးရွာရှိ ပြည်သူလူထုပိုင် နေအိမ် ၄၂ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNU က ဆိုသည်။

    စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဘလနှင့် အနီးနား ကျေးရွာရှိ နေအိမ်များမှ အဖိုးတန်ပစ္စည်းများကိုလည်း ယူသွားကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    အလားတူ ညောင်လေးပင်ခရိုင်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းက ကွင်းဒလကြီးကျေးရွာရှိ အရပ်သားပြည်သူပိုင် နေအိမ် ၇၂ လုံးကို အောက်တိုဘာလ ၁၀ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    အာဏာသိမ်း စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် KNU ထိန်းချုပ်မှုနယ်မြေ များအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ နေရာဒေသများကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိသည်။

    KNU ထိန်းချုပ်မှုနယ်မြေများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ နေရာဒေသများသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကော်မရှင်တပ်က အရပ်သား ပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ် ကျူးလွန်နေသည့်အပြင် အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်သည့် လုပ်ရပ်များကိုလည်း ကျူးလွန်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks