spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျောင်းများ ဆရာလိုအပ်ချက်ကြောင့် သင်ကြားရေးအခက်အခဲ ပိုဖြစ်လာ

    မွန်အမျိုးသားကျောင်းများ ဆရာလိုအပ်ချက်ကြောင့် သင်ကြားရေးအခက်အခဲ ပိုဖြစ်လာ

    -

    မွန်အမျိုးသားပညာရေးဌာနလက်အောက်ရှိ မွန်အမျိုးသားကျောင်းများ ဆရာလိုအပ်ချက်ကြောင့် သင်ကြားရေးအပိုင်းတွင် အခက်အခဲ ပိုဖြစ်လာနေသည်ဟု ကျောင်းဆရာ၊ ဆရာမတို့က ပြောသည်။

    မွန်အမျိုးသားကျောင်းများသည် မိခင်ဘာသာအခြေပြု သင်ကြားနေသည့် ကျောင်းများဖြစ်ပြီး အထက်တန်ကျောင်း ၄ ကျောင်းအပါအဝင် ကျောင်းပေါင်း ၁၃၃ ကျောင်းကျော် ရှိသည်။

    အဆိုပါကျောင်းများတွင် စာပေသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအတွက် ငွေကြေးထောက်ပံ့မှု နည်းပါးနေခြင်းတို့ကြောင့် အလုပ်ပြောင်း၊ အလုပ်နားသူများ နှစ်စဉ်နှစ်တိုင်း ရှိနေသည်။

    လစ်လပ်နေသည့် ဆရာ၊ ဆရာမနေရာများကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသလို တာဝန်ထမ်းဆောင်သူလည်း မရှိတော့သည့်အတွက် သင်ကြားရေးအခက်အခဲ တနှစ်ထက်တနှစ် ပိုဖြစ်လာသည်ဟု မွန်ကျောင်းဆရာတစ်ဦးက ပြောသည်။

    “အတန်း ၈ တန်း ရှိနေတဲ့ ကျောင်းတစ်ကျောင်းက ဆရာ၊ ဆရာမ ၅ ယောက်လောက်တောင် မရှိတော့ဆိုတော့၊ အဲဒီတော့ ကလေးတွေကို စာပေသင်ကြားပေးဖို့ တော်တော်ခက်ခဲတာပေါ့။ တစ်ခါတစ်လေဆို ကလေးတွေကို ဒီအတိုင်းလွှတ်ထားရတယ်။ လစ်လပ်နေတဲ့ ဆရာ၊ ဆရာမနေရာတွေကို အစားထိုးခန့်အပ်ဖို့ကလည်း လူရှာမရတော့ဘူး။ စာသင်တဲ့ဆရာ၊ ဆရာမတွေကလည်း တစ်နှစ်၊ နှစ်နှစ်လောက် တာဝန်ထမ်းဆောင်ပြီးရင် အလုပ်ထွက်ကြကုန်ရော၊ လူသစ်ထပ်ခေါ်လည်း အဲအတိုင်းပဲ ထပ်ဖြစ်နေတော့၊ ဘယ်လိုမှလုပ်လို့ မရတော့ဘူး” ဟု အထက်ပါ ကျောင်းဆရာက ပြောသည်။

    ထိုအခြေအနေများကြောင့် ကလေးသူငယ်များကို စာပေသင်ကြားပေးရန် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသားလူငယ်များကို ဆရာအတတ်သင် သင်တန်းအနည်းငယ် ပို့ချပြီး ကျေးရွာရန်ပုံငွေမှတစ်ဆင့် ခန့်အပ်ကာ စာပေသင်ကြားခိုင်းထားရကြောင်း မွန်ကျောင်းဆရာတို့က ပြောသည်။

    “ကျောင်းတစ်ကျောင်းမှာ လစ်လပ်နေတဲ့ ဆရာ၊ ဆရာမနေရာတွေကို အစားထိုးခန့်အပ်ပေးဖို့ မွန်ပညာရေးဌာနကလည်း မစီစဉ်ပေးနိုင်တော့ဘူး။ အဲဒီတော့ မွန်ဆရာ၊ ဆရာမတွေက ဒေသမှာရှိတဲ့ မွန်သံဃာတော်တွေနဲ့ ညှိနှိုင်းပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သင်တန်းနည်းနည်းပို့ချပေးပြီးတော့ စေတနာဝန်ထမ်းလိုပုံစံနဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးနေရတဲ့ အနေအထားပေါ့။ တချို့ဒေသတွေက ဆရာ၊ ဆရာမတွေနဲ့ သံဃာတော်အဖွဲ့တွေ အချိတ်အဆက် အားနည်းနေရင်တော့ အဲဒီကလေးတွေက ဆရာ၊ ဆရာမ မရှိဘဲနဲ့ တစ်နှစ်ပတ်လုံး ကျောင်းတက်နေရတယ်။ အဲဒါကြောင့်လည်း မွန်အမျိုးသားကျောင်းတွေမှာ အောင်ချက်ကလည်း တစ်နှစ်ထက်တစ်နှစ် တော်တော်ကျလာနေရတာပေါ့” ဟု အခြားမွန်ကျောင်း ဆရာတစ်ဦးက ပြောသည်။

    လက်ရှိ မွန်အမျိုးသားကျောင်းများတွင် စာပေသင်ကြားပေးနေသည့် ကျောင်းဆရာ၊ ဆရာမများ၏ အခြေခံလစာတွင် တစ်သိန်းခြောက်သောင်းကျပ်သာ ရရှိနေကြပြီး အချို့ဒေသများတွင် မွန်သံဃာတော်တို့၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် ကျေးရွာရန်ပုံငွေမှ တစ်လကို တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးသည်လည်း ရှိနေသည်ဟု ဆိုသည်။

    စစ်အာဏာသိမ်းသည့်နောက် အစိုးရကျောင်းများမှ ပြောင်းရွှေ့လာသည့် ကျောင်းသားရာနှင့်ချီ တိုးလာသော်လည်း လိုအပ်သည့် ကျောင်းဆောင်များ တိုးချဲ့တည်ဆောက်ရန်နှင့် လစ်လပ်နေသည့် ဆရာ၊ ဆရာမနေရာများကို ဖြည့်ဆည်းပေးရန် အားနည်းနေဆဲဖြစ်သည်။

    မွန်အမျိုးသားကျောင်းကို မွန်လူမျိုးများ တည်ရှိရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks