spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစစ်ရေးပြင်းထန်နေသည့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်း သွားလာမှုကို တော်လှန်ရေးတပ်ဖွဲ့ ကန့်သတ်

    စစ်ရေးပြင်းထန်နေသည့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်း သွားလာမှုကို တော်လှန်ရေးတပ်ဖွဲ့ ကန့်သတ်

    -

    တနင်္သာရီမြို့နယ်အတွင်း ပြင်းထန်နေသည့် စစ်ရေးအခြေအနေကြောင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းမပိုင်းကို ခရီးသွားလာမှု မပြုလုပ်ရန် တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ(၃၅) က ထုတ်ပြန်သည်။

    လတ်တလော ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေကြောင့် အရပ်သားပြည်သူများ အသက်အန္တရာယ်ရှိနိုင်သည့်အတွက် ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့က စပြီး အဆိုပါ လမ်းပိုင်းကို သွားလာမှု မပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။

    တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ(၃၅) က “လတ်တလော ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေမှာ ပြင်းထန်မှုရှိသောကြောင့် အရပ်သားပြည်သူများ အသက်အန္တရာယ်ရှိနိုင်သဖြင့် ခရီးသွားလာရန်မသင့်ကြောင်း တွေ့ရှိရပါတယ်” ဟု ပြောဆိုထားသည်။

    ထို့ကြောင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းမကြီးတလျှောက် ခရီးသွားလာမှုမပြုရန်၊ အထူးသဖြင့် ကားလမ်းမကြီးအသုံးပြုသွားလာမှုကို ရှောင်ရှား ကြရန် ထုတ်ပြန်ထားသည်။

    တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ(၃၅) နယ်မြေဖြစ်သည့် တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

    တိုက်ပွဲများကြောင့် စစ်ကော်မရှင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)နှင့် အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) တို့က တိုက်ပွဲ ဖြစ်ပွားရာ နေရာများကိုသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု ဆိုသည်။

    စစ်ကော်မရှင်တပ်သည် ဒေသတွင်း ကားလမ်းမကြီးများမှတဆင့် စစ်ကူနှင့် ထောက်ပံ့ ဖြည့်တင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

    ၎င်းပြင် လမ်းများတွင် စစ်ဆေးရေးဂိတ်များ အခြေချတည်ဆောက်ကာ ခရီးသွားပြည်သူလူထုအား တရားမဲ့ စစ်ဆေးခြင်း၊ လုံခြုံရေးအကြောင်းပြ၍ ကုန်စည် ဖွင့်ဖောက်စစ်ဆေးခြင်း/သိမ်းယူခြင်း၊ လူနှင့် ကုန်စည်များအား တရားမဲ့ ဖမ်းဆီးခြင်း၊ ဖြတ်သန်းခအဖြစ်(ဆက်ကြေးခွန်)မတရားကောက်ခံခြင်း၊ လူငယ် လူရွယ်များအား အဓမ္မဖမ်းဆီး၍ တပ်သားသစ်စုဆောင်းခြင်းတို့ကိုလည်း လုပ်ဆောင်လျက်ရှိသည်ဟု တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ(၃၅) က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks