spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းထိုင်းမှ ဘတ်လုပ်ခွင့်ယာယီပိတ်ထားသော်လည်း လိမ်လည်ခေါ်ဆိုလာသည့် ပွဲစားများကြောင့် မြန်မာအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံရ

    ထိုင်းမှ ဘတ်လုပ်ခွင့်ယာယီပိတ်ထားသော်လည်း လိမ်လည်ခေါ်ဆိုလာသည့် ပွဲစားများကြောင့် မြန်မာအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံရ

    -

    ထိုင်းနိုင်ငံတွင်၊ အလုပ်လုပ်ခွင့်လက်မှတ် (ဘတ်အသစ်)လျှောက်ထားခွင့်ယာယီရပ်နားထားစဉ် တရားမဝင်ဝင်ရောက်သူများ ဆက်တိုက်ရှိနေပြီး နယ်စပ်ဒေသတစ်ဝိုက်တွင် နေ့စဉ်နှင့်အမျှအဖမ်းခံနေရသည်ဟု ပွဲစားနှင့် အလုပ်သမားအရေးကူညီနေသူများမှ သိရသည်။

    လတ်တလောတွင် ထိုင်းအစိုးရမှ နယ်စပ်လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ဆေးတင်းကြပ်လျှက်ရှိရာ အောက်တိုဘာလ ၁၆ ရက်နေ့တွင်မှစပြီး ယနေ့အထိ တရားမဝင်ရွှေ့ပြောင်းလာသည့် မြန်မာနိုင်ငံသားများ ၄၀၀ ကျော် ဖမ်းဆီးခံထားရသည်။

    ဘတ်လျှောက်ထားခွင့် ယာယီကန့်သတ်ထားကြောင်းကို တရားမဝင်ဝင်ရောက်လိုသူများအား ပွဲစားများက ရှင်းပြထားခြင်းမရှိဘဲ ဘတ်ရိုက်ပေးမည်ဟု လိမ်လည်ခေါ်ဆောင်လာခြင်းကြောင့် ဆက်တိုက်အဖမ်းခံနေရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်မှ ပွဲစားတစ်ဦးကပြောသည်။

    ပုံ- ကန်ချနပူရီပြည်နယ်အတွင်း အောက်တိုဘာ ၂၁ ရက်နေ့က တရားဝမဝင်ဝင်လာသည့် မြန်မာလုပ်သားများကို ဖမ်းဆီးရမိစဉ်

    “ဘတ်အသစ်လုပ်ပေးတဲ့ကိစ္စကြောင့် ဝင်တဲ့သူလည်းများနေတယ်။ အဓိကပွဲစားတွေပေါ့ သူတို့မြူဆွယ်တာတွေလည်းပါတယ်တယ်။ ဒီမွန်ကလူတွေတော့ သိရင်သိမယ်၊ အထက်ကလာတဲ့ဗမာ တွေကျတော့မသိဘူး ဘတ်ရိုက်ဖို့ပိတ်လည်းမပြောပြဘူး၊ ဝင်ကြတာပဲ ပွဲစားတွေကလည်း ဘယ်ပြောပြမလဲပြောလိုက်ရင်ဝင်မဲ့သူမရှိဘူးပေါ့ ဟိုရောက်ရင်ဘတ်ရိုက် ပေးမယ်အဲ့လိုပဲပြောတာ” ဟု ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့မှစပြီး ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့်မှတ်ပုံတင်အတွက် စတင်လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်းကြေညာပြီး၊ နောက်ရက် အောက်တိုဘာ ၁၆ ရက်တွင် ယာယီပြန်ပိတ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

    လက်ရှိ ဘတ်လုပ်ခွင့် ယာယီပိတ်ထားစဉ်တွင် ထိုင်းအာဏာပိုင်များမှ လုပ်ငန်းခွင်အထိ တရားမဝင်လုပ်သားများကို ဖမ်းဆီးနေပြီး ထိုင်းအလုပ်သမားဝန်ကြီးအသစ်မှ ထုတ်ပြန်သည့် မူဝါဒ ၅ ချက်အနက် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်ခြင်းကို နှိမ်နင်းမည့် အချက်ကြောင့်လည်း ဖမ်းဆီးမှုတင်းကြပ်နေကြောင်းလည်း ဆိုသည်။

    အလုပ်သမားအရေးကူညီနေသူတစ်ဦးက “ ပုံမှန်ပါပဲဘတ်အသစ်ဖွင့်တဲ့ ကာလဆိုရင်စစ်ဆေးတာတို့ ဖမ်းဆီးတာတို့လုပ်မှာပဲ၊ အသစ်တက်လာတဲ့ အလုပ်သမားဝန်ကြီးကလည်း သူတို့ရဲ့ မူဝါဒ ၅ ချက်ပေါ့လေ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေနဲ့ သူတို့နိုင်ငံအလုပ်ကိုဝင်လုပ်နေတဲ့ နိုင်ငံခြားတွေကို ဖမ်းဆီး နှိမ်နင်းမယ်လို့ ထုတ်ပြန်ပြီး တက်လာတာကြောင့်ပဲ” ဟု ပြောသည်။

    ဖမ်းဆီးရသူများကို ထိုင်းအာဏာပိုင်များက တရားမဝင်ဝင်ရောက်မှုနှင့် အမှုဖွင့်စစ်ဆေးလေ့ရှိပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသူများလည်းရှိသလို ထိုင်းနိုင်ငံအတွင်း အဆက်အသွယ်ရှိသူများ၊ အထောက်အထား ခိုင်လုံသည့် သူများအာမခံချက်ပေးနိုင်ပါက နေထိုင်ခွင့်ပြုနေကြောင်းလည်း သိရသည်။

    ဘတ်ပြန်ဖွင့်မည့်ရက်ကို ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင်အဖွဲ့အစည်းများ၏ထုတ်ပြန်ချက်နှင့် သတင်းဌာနမှတဆင့် စောင့်ကြည့်ရန်လိုအပ်သည်ဟု အလုပ်သမားအရေးကူညီနေသူများက တိုက်တွန်းပြောဆိုသည်။

    မွန်၊ကရင်အပါဝင် အထက်မြန်မာပြည်မှ ရွှေ့ပြောင်းလုပ်သားများသည် ဘုရားသုံးဆူ-စံခလဘူရီ၊ မြဝတီ-မဲဆောက်၊ ထိုင်း-ရနောင်းစသည့် ဒေသဘက်မှ ရေလမ်းဖြင့်လည်ကောင်း ကုန်းလမ်းဖြင့်လည်ကောင်း ဝင်ရောက်လေ့ရှိသည်။

    မြန်မာနိုင်ငံတွင်အလုပ်အကိုင်ရှားပါးခြင်း၊ စစ်မှူးထမ်းဥပဒေကြောင့် ဖမ်းဆီးခံရမှုကိုစိုးရိမ်ပြီး အလုပ်လုပ်ကိုင်နိုင်သည့်ပြည်ပနိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြစ်စေ၊ တရားမဝင်လမ်းကြောင့်ဖြင့်ဖြစ်စေ အစုအလိုက်အပြုံလိုက် ထွက်ခွာနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks