spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမွန်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် အပူပိုင်းမုန်တိုင်း “ဖန်ရှန်” ကြောင့် မိုးဆက်လက်ရွာသွန်းမည်

    မွန်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် အပူပိုင်းမုန်တိုင်း “ဖန်ရှန်” ကြောင့် မိုးဆက်လက်ရွာသွန်းမည်

    -

    တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) ကြောင့် မွန်ပြည်နယ်အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မိုးဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။

    ယနေ့ (အောက်တိုဘာ ၂၁)ရက်နေ့ မွန်းလွဲပိုင်းတိုင်းတာချက်ရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း "ဖန်ရှန်"သည် အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနေခြင်းဖြစ်ပြီး လာမည့် ၆ နာရီအတွင်း ပိုမိုအားကောင်းသော အပူပိုင်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်သည်ဟု ခန့်မှန်းထားသည်။

    ထို့ကြောင့် မနက်ဖြန်မနက်အထိ မွန်၊ ရခိုင်၊ ချင်း၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ မိုးသည်းထန်ရွာသွန်းနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) များတွင် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဆိုထားသည်။

    မိုးလေဝသပညာရှင် ဦးဝင်နိုင်မှလည်း အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍ နေ့စဉ် မိုးရေချိန် ၂ လက်မ နီးပါးအထိ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

    မြန်မာနိုင်ငံတောင်ပိုင်းတွင် မိုးများဆက်လက်ရွာသွန်းပါက စပါးစိုက်တောင်သူ၊ ဆားတောင်သူ၊ ရောဘာခြံလုပ်ငန်းများနှင့်အခြား ဥယျာဉ်ခြံလုပ်ကိုင် လုပ်ကိုင်သူများ အခက်ကြုံတွေ့လာနိုင်သည်ဟု စိုက်ပျိုးရေးတောင်သူတစ်ဦးကဆိုသည်။

    “ဒီမုန်တိုင်းအရှိုန်ကြောင့် မိုးကဆက်ကြီးမယ်ဆိုရင် စပါးရိတ်မယ့်သူတွေခက်ခဲသွားမယ် မရိတ်နိုင်တော့ဘူး။ အစေးခြစ်တဲ့သူတွေကကျတော့ မခြစ်နိုင်ဘူး။ ဆားလုပ်ဖို့ ပြင်ဆင်နေတဲ့သူတွေလည်း အပျက်အစီးများသွားမယ်” ဟု မွန်ပြည်နယ်မှ လယ်ယာလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

     မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း မိုးရွာသွန်းမှုနှုန်းများနေသဖြင့် ဒေသတွင်းလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ထိခိုက်မှု ဖြစ်ပေါ်လာနေကြောင်း သိရသည်။

    ယနေ့တွင် ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် မိုးတိမ်တောင်ဖြစ်ပေါ်မှု အားကောင်းနေပြီး၊ ထိုဒေသများတွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုကြရန် မိုးဇလမှအကြံပြုထားသည်။

    အပူပိုင်းမုန်တိုင်း ဖန်ရှန်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံသို့ ဖြတ်ကျောက်ဝင်ရောက်ခဲ့ရာ ပြည်နယ် ၉ ခု၊ မြို့ပေါင်း ၃၅ မြို့အတွင်းရှိ မိသားစုပေါင်း ၃၇,၀၀၀ ကျော်၊ လူဦးရေးအရေအတွက်အရ ၁၃၀,၀၀၀ ဦး မုန်တိုင်းဒဏ်သင့်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks