spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းအဘစ်-ခလယ်တံခွန်တိုင်လမ်းပိုင်းကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာနေဟု ဆို

    အဘစ်-ခလယ်တံခွန်တိုင်လမ်းပိုင်းကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာနေဟု ဆို

    -

    မွန်နှင့် ကရင်ပြည်နယ်အစပ် မုဒုံမြို့နယ်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့် အဘစ်-ခလယ်တံခွန်တိုင်လမ်းပိုင်းကို ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်စစ်ကြောင်းများ ဝင်ရောက်လာနေသည်ဟု ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရသည်။

    အဆိုပါ စစ်ကြောင်းများ ဝင်ရောက်လာခြင်းနှင့်အတူ ယနေ့ နေ့လယ်ပိုင်းအချိန်ခန့်က တံခွန်တိုင်ကျေးရွာရှိ ဇီးဖြူးကုန်းစစ်စခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် အနီးတစ်ဝိုက်ကျေးရွာဘက်သို့ ကျရောက်ပေါက်ကွဲကာ အရပ်သားပြည်သူနှစ်ဦး ထိခိုက်မှု ရှိခဲ့သည်ဟု ဒေသတွင်းတော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    “ပုလိန်နဲ့ တံခွန်တိုင်ဘက်ကို စကမဘက်က စစ်ကြောင်းထိုးလာနေတာ ဟုတ်ပါတယ်။ စစ်ကြောင်းက အဘစ်ဘက်ကနေ ထိုးလာတာပါ။ တံခွန်တိုင်ဘက်ကို စကမက စစ်ကြောင်းထိုးလာမယ်ဆိုရင်တော့ တိုက်ပွဲကတော့ ဖြစ်လာလိမ့်မယ်။ ဒီနေ့ပဲ တံခွန်တိုင် ဇီးဖြူးကုန်းစစ်စခန်းကနေ အနီးတစ်ဝိုက်ကျေးရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ကုလားပိုင်းက လူနေအိမ်ထဲကျပြီး ပြည်သူနှစ်ယောက် ထိခိုက်မှုရှိခဲ့တယ်” ဟု ပြောသည်။

    စစ်ကော်မရှင်စစ်ကြောင်းတွင် အင်အားမည်မျှရှိသည်ကို သေချာစွာ မသိရှိသေးသလို ပြည်သူလူထုများအနေဖြင့် စစ်ရေးအသိ၊ သတိရှိကြပါရန် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

    စစ်ကော်မရှင်တပ်အနေဖြင့် မုဒုံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့် အဘစ်-တံခွန်တိုင်-တောင်ကလေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ယခုလို စစ်ကြောင်းထိုးဝင်ရောက်လာနေခြင်းဖြစ်နိုင်သည်ဟု ဒေသခံတို့အကြား ပြောဆိုနေကြသည်။

    “အဲဘက်မှာတော့ အဘစ်နဲ့ တံခွန်တိုင်မှာပဲ စစ်ကော်မရှင်တပ်စခန်းနှစ်ခုရှိမယ်။ ဘေးနားက ရွာတွေမှာတော့ အကုန်ကရင်စစ်သားတွေကြီးပဲ နယ်မြေစိုးမိုးထားတာ။ အရင်နေ့တွေဆို ကရင်စစ်သားတွေက ကားတွေနဲ့ လှည့်လည်သွားလာနေကြတယ်။ ဒီနေ့တော့ မတွေ့တော့ဘူး။ လှည့်လည်သွားလာတာတွေလည်း မရှိတော့ဘူး” ဟု ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လလယ်ခန့်ကလည်း အဘစ်လမ်းပိုင်းမှတဆင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ခလယ်၊ တံခွန်တိုင်ကျေးရွာအနီးတွင် ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

    ထိုတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ အဘစ်အမြောက်တပ်ရင်း (၃၁၈) မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပုလိန်၊ ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်းစသည့် ကျေးရွာများမှ ဒေသခံထောင်ချီတို့က ဘေးလွတ်ရာသို့ တစ်လနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks