spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းရေးမြောက်ပိုင်းတွင် တိုက်ပွဲ ဆက်ဖြစ်နေပြီး ပြည်သူများ စစ်ရေး သတိရှိရှိဖြင့် သွားလာကြရန် တိုက်တွန်း

    ရေးမြောက်ပိုင်းတွင် တိုက်ပွဲ ဆက်ဖြစ်နေပြီး ပြည်သူများ စစ်ရေး သတိရှိရှိဖြင့် သွားလာကြရန် တိုက်တွန်း

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းဘက်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူလူထုများအနေဖြင့် စစ်ရေး သတိရှိရှိဖြင့် နေထိုင်သွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့တို့က တိုက်တွန်းထားသည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ်မြောက်ပိုင်းဒေသဘက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား အောက်တိုဘာလ ၁၀ ရက်နေ့ကစပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်။

    စစ်ကော်မရှင် စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား အောက်တိုဘာလ ၁၇ ရက်နေ့အထိ ထိတွေ့တိုက်ပွဲဖြစ်နေပြီး စစ်ကော်မရှင်တပ်ဘက်က လူနေကျေးရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ရာမညမွန်တပ်တော် (RMA) က အောင်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။

    “ရေးမြောက်ပိုင်းရှိ ကျေးရွာများအား စကမ တပ်ရင်းများမှ လက်နက်ကြီး အမြောက်များဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိနေသောကြောင့် ဒေသခံပြည်သူများ စစ်ရေးအသိ၊ သတိရှိရှိဖြင့် နေထိုင်သွားလာကြပါရန် မေတ္တာရပ်ခံပါသည်” ဆိုပြီး ရာမညမွန်တပ်တော် (RMA) က တိုက်တွန်းထားသည်။

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် ရေးမြို့နယ်မြောက်ပိုင်း ကျေးရွာများဘက်နှင့် အမှတ် ၈ ပြည်ထောင်စု လမ်းမတလျှောက်တွင် အင်အား ၄၀၀ ကျော် ရှိသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက စစ်ကြောင်းခွဲပြီး သံဖြူဇရပ်မြို့နယ်တောင်ပိုင်း နယ်စပ်အထိ စစ်ကြောင်းထိုးလျက်ရှိသည်။ လက်ရှိအချိန်ထိ စစ်ကော်မရှင် စစ်ကြောင်းများ တည်ရှိနေသည့်အတွက် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

    “ဗမာစစ်သားတွေက ကားလမ်းတလျှောက် ရော်ဘာခြံတွေထဲမှာ အပြည့်ပဲ၊ ရွာတွေဘက်လည်း သူတို့ ရှိတယ်။ သူတို့က ကင်းပုန်းဝပ်ပြီး နေနေကြတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က အထိနာနေပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် တပ်သား ၁၂ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း များပြားကြောင်း မြေပြင်တော်လှန်ရေးသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    စစ်အာဏာရှင် စစ်ကြောင်းကို စစ်အာဏာရှင် စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲနှင့် တပင်ရွှေထီး ပူးပေါင်းတပ်တို့က တိုက်ခိုက်ချေမှုန်းလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks