spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းရွှေဈေးဆက်တိုက်မြင့်တက်နေစဉ် သတ်မှတ်ထားသည့် ဘောက်ချာဖြင့်အရောင်းအဝယ်လုပ်ရန် စစ်ကော်မရှင်ညွှန်ကြား

    ရွှေဈေးဆက်တိုက်မြင့်တက်နေစဉ် သတ်မှတ်ထားသည့် ဘောက်ချာဖြင့်အရောင်းအဝယ်လုပ်ရန် စစ်ကော်မရှင်ညွှန်ကြား

    -

    ပြည်တွင်းရွှေဈေး ဆက်တိုက်မြင့်တက်နေစဉ် စစ်ကော်မရှင်မှ ရွှေအရောင်းအဝယ်ပြုလုပ်သူများနှင့် ရွှေဆိုင်၊စိန်ဆိုင်များအား ယခင်အသုံးပြုနေသည့် ဆိုင်ဘောက်ချာအစား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပေးသည့် ဘောက်ချာများဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရမည်ဟု ညွှန်ကြားလာကြောင်း ရွေလုပ်ငန်းလုပ်ကိုင်နေသူများမှ သိရသည်။

    တရားဝင်လိုင်စင်ကျထားသည့် မည်သည့်ရွှေဆိုင်၊စိန်ဆိုင်မဆို ရွှေထည်ပစ္စည်းရောင်းချခြင်းနှင့် အတုံးအခဲရောင်းချခြင်းများအတွက် သတ်မှတ်ထားသည့်ဘောက်ချာကို အသုံးပြုရမည်ဖြစ်ကြောင်း၊ အခြားဘောက်ချာတစ်မျိုးမျိုးကို အသုံးပြုမည်ဆိုပါက တရားမဝင်ကြောင်း ဆိုထားသည်။

    အဆိုပါ ရွှေအရောင်းအဝယ်ဘောက်ချာများကို အခွန်ရုံးသို့ ပုံမှန်တင်ပြရမည်ဖြစ်ပြီး ရွှေဈေးကွက်ကို ထိန်းချုပ်ရန်နှင့် ရွှေလုပ်ငန်းလုပ်ကိုင်သူများ အခွန်ရှောင်၍ မရစေရန် လုပ်ဆောင်သည့်သဘောဖြစ်ကြောင်း ရွှေလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက IMNA သို့ ပြောသည်။

    ပုံ- သံဖြူဇရပ် သမာဓိရွှေဆိုင်

    "အဓိက လိုင်စင်ကျပြီးသားဆိုင်တွေပေါ့ အဲတာတွေကိုထုတ်ပေးတာ၊ လိုင်စင်မရတဲ့ ဆိုင်တွေလည်းရှိသေးတယ်လေ၊ အားလုံးတစ်ပြိုင်တည်း ဒါနဲ့ရေးရမယ်လို့တော့မဟုတ်ပါဘူး။ သူကတော့ အခွန်ဆောင်တာတွေပါလာမယ်လေ အခွန်ရှောင်လို့မရအောင် လုပ်တာပေါ့"ဟု ဆိုသည်။

    ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်လိုင်စင်ကိုလည်း ရွှေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မဖြစ်မနေလျှောက်ထားရန်လည်း စစ်ကော်မရှင်မှ ထပ်မံတင်းကြပ်ထားသည်။

    သတ်မှတ်ထားသည့် စစ်ကော်မရှင်၏ရွှေဘောက်ချာတွင် ရွှေဆိုင်အမည်၊ ရွှေရောင်းသူ/ဝယ်သူအမည်၊ မှတ်ပုံတင်အမည်၊ နေရပ်လိပ်စာ အစရှိသည်တို့ကို ဖြည့်သွင်းရမည် ဖြစ်သည်။

    ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် နေ့စဉ်သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းများကို မလိုက်နာပါက အရေးယူသွားမည်ဟုလည်း စစ်ကော်မရှင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

    ယနေ့ ရွှေဈေးကွက်အတွင်း ၁၆ ပဲရည်ရွှေ ၁ ကျပ်သားပေါက်ဈေးသည် ၈၈ သိန်းအထက်ရှိနေပြီး အရောင်းအဝယ်ပြုလုပ်သူ မရှိသလောက်နည်းပါးနေကြောင်းလည်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks