spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းမြဝတီတောင်ဘက်ခြမ်း အင်ကြင်းမြိုင်ဘက်တွင် တိုက်ပွဲပြင်းထန်နေ

    မြဝတီတောင်ဘက်ခြမ်း အင်ကြင်းမြိုင်ဘက်တွင် တိုက်ပွဲပြင်းထန်နေ

    -

    ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် မြဝတီ-ဝေါ်လေးလမ်းပိုင်း အင်ကြင်းမြိုင်နှင့် မင်းလက်ပံရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    စစ်ကော်မရှင် စစ်ကြောင်းများသည် ကရင်နယ်ခြားစောင့်တပ် BGF အကူအညီဖြင့် အင်ကြင်းမြိုင်ရွာထဲသို့ အောက်တိုဘာ ၁၅ ရက်နေ့က ဝင်ကြောင်းထိုး ဝင်ရောက်လာပြီး KNLA ‌တော်လှန်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    စစ်ကော်မရှင်တပ်က ဆက်လက်စစ်ကြောင်းထိုးလျက်ရှိပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်နေဆဲဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့က ပြောသည်။

    စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က အင်ကြင်းမြိုင်-မင်းလက်ပံ-မယ်ထော်သလေးလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းလည်း ဆိုသည်။

    စစ်ကော်မရှင် စစ်ကြောင်းသည် မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေကော်မြို့သစ်ဘက်ကိုလည်း စစ်ကြောင်းထိုးနေသည်။

    မြဝတီတောင်ဘက်သို့ စစ်ကော်မရှင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် လေးကေကော်အပါအဝင် ဖလူးကျေးရွာ အုပ်စုရှိ ကျေးရွာငယ် ၈ ရွာမှ ဒေသခံပြည်သူများ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    နေရပ်စွန့်ခွာ စစ်ဘေး ရှောင်နေရ သူ ၃,၄၀၀ ကျော်ရှိသည်ဟု သောင်ရင်းမြစ်ဘေးတွင် စစ်ဘေးတိမ်းရှောင်နေရသူ ၃၀၀၀ ကျော်ရှိပြီး စားဝတ်နေရေး၊ အမိုးအကာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks