Homeသတင်းထိုင်းတွင် မြန်မာဒုက္ခသည် ၁၂,ဝဝဝ ကျော်ကို ပထမဆုံးအကြိမ် အလုပ်လုပ်ခွင့်ပြု

ထိုင်းတွင် မြန်မာဒုက္ခသည် ၁၂,ဝဝဝ ကျော်ကို ပထမဆုံးအကြိမ် အလုပ်လုပ်ခွင့်ပြု

-

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည် ၁၂,ဝဝဝ ကျော်ကို ပထမဆုံးအကြိမ်အဖြစ် ထိုင်းတွင် အလုပ်လုပ်ခွင့်ပြုမည်ဟု ထိုင်းဝန်ကြီးချုပ်သစ် အနုထင်က ထိုင်းသတင်းဌာနများတွင် အတည်ပြု ပြောကြားခဲ့သည်။

အောက်တိုဘာလ ၁ ရက်နေ့မှစပြီး မြန်မာစစ်ရှောင်ဒုက္ခသည်များ ၄င်းတို့၏ စခန်းပြင်ပတွင် တစ်နှစ်တာ တရားဝင်အလုပ်လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား လုပ်သားများကို ပြန်လည်ခေါ်ယူရန်မလိုအပ်ကြောင်း ဝန်ကြီးချုပ်မှ ယမန်နေ့က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနတွင် ဖော်ပြသည်။

အလုပ်သမားဦးစီးဌာန၏ စာရင်းများအရ အလုပ်အကိုင်လျှောက်ထားသည့် အသက် ၁၈ နှစ်မှ ၅၉ အရွယ်ကြားရှိ မြန်မာဒုက္ခသည် ၄၂,၆၀၁ ဦးအနက် ၁၂,၀၀၀ ကျော်ကို ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာလုပ်ငန်းများအပါအဝင် အခြားစက်ရုံ၊အလုပ်ရုံ လုပ်ငန်းများတွင်လည်း အလုပ်လုပ်ခွင့်ပြုထားခြင်း ဖြစ်သည်။

ပုံ-Bangkok Post

“မြန်မာဒုက္ခသည်စခန်း ၉ နေရာကနေပြီတော့ သူတို့စစ်တမ်းထားချက်အရ အလုပ်လုပ်နိုင်မယ့် အရွယ် အယောက် ၁၂,၀၀၀ ခန့်ကို ရွေးထုတ်လိုက်တယ်။ သူတို့ကို အလုပ်လုပ်ခွင့်ပေးတယ်။ ထိုင်းအစိုးရက Work Permit တွေလုပ်ပေးမယ်။ ပြီးတော့ တရားဝင်အနေနဲ့ အလုပ်ခန့်မယ်” ဟု မြန်မာအလုပ်သမားအရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးက ဆိုသည်။

အဆိုပါ အလုပ်လုပ်ခွင့်ပြုထားသည့် ဒုက္ခသည်များသည် လုပ်ငန်းခွင်မဝင်မီ ကျန်းမာရေး စစ်ဆေးမှုများခံယူရမည်ဖြစ်ပြီး၊ ကျန်းမာရေးအာမခံရရှိပါက တစ်နှစ်ထက်မပိုသော အလုပ်လုပ်ကိုင်ခွင့်လက်မှတ်များကို ခရိုင်အလုပ်ခန့်ထားမှုရုံးမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုက ထိုင်းက အလုပ်သမားလိုအပ်ချက်တွေများနေတယ်။ ဒါကြောင့် သူတို့က မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးတယ်။ ဘယ်မှာလုပ်ရလဲဆိုတော့ သတင်းမှာ ညွှန်ကြားရေးမှူးချုပ် ဖီချက်က ဆောက်လုပ်ရေးလုပ်ငန်းတို့ လျှပ်စစ်နဲ့ဆိုင်တဲ့လုပ်ငန်းတွေမှာ အဓိက ဦးစားပေးခေါ်သွားသွားမယ်လို့ပြောတယ်”ဟု အထက်ပါသူက ဆက်ပြောသည်။

ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ အဆိုရ တာ့ခ်၊ မယ်ဟောင်ဆွန်၊ ကန်ချနဘူရီနှင့် ရာချဘူရီစသည့် ခရိုင်လေးခုတွင်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုမှ မြန်မာဒုက္ခသည်များကို အလုပ်ခွင့်ပေးခြင်းဖြစ်ပြီး၊ မြန်မာဒုက္ခသည်များအနေဖြင့် ထိုင်းအနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ စုစုပေါင်း ၄၃ ပြည်နယ်တွင် အလုပ်လုပ်နိုင်မည်ဖြစ်သည်။

ကမ္ဘောဒီးယားနှင့် နယ်နိမိတ်ချင်းပဋိပက္ခကြောင့် ကမ္ဘောဒီးယားအလုပ်သမား သိန်းနှင့်ချီ နေရပ်နိုင်ငံသို့ ပြည်လည်ထွက်ခွာသွားခဲ့ပြီးနောက် ထိုင်းနိုင်ငံ စက်ရုံ၊အလုပ်ရုံများတွင် အလုပ်သမားလိုအပ်ချက်ရှိလာခဲ့သည်။

ထို့ကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်များကို ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့က ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ်လုပ်ကိုင်ခွင့်ပြုရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts