spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၇၀ နီးပါးအထိရှိလာ

    ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၇၀ နီးပါးအထိရှိလာ

    -

    ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသတွင် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိသည့် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူ ၇၀ နီးပါးအထိ ရှိလာကြောင်း ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီမှ ကြေညာချက်များရ သိရသည်။

    ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့ ဒေသစံတော်ချိန်ည ၁၀ နာရီ ဝန်းကျင်တွင် စီဘူးပြည်နယ် ဘိုဂိုမြို့အနီးရှိ ပင်လယ်ပြင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အဆိုပါ ငလျင်ကြောင့် ယနေ့ အောက်တိုဘာ ၁ ရက်နေ့ နေ့လည်ပိုင်းအထိ လူ ၆၉ ဦးအထိ သေဆုံးပြီး၊ ၁၅၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

    ပြိုကျသည့်အဆောက်အအုံများကြားတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူအရေအတွက် ထပ်တိုးလာနိုင်သည်လည်းဟု ဆိုသည်။

    ငလျင်ဒဏ် ပြင်းထန်ထန်ခံခဲ့ရသည့် စီဘူးပြည်နယ်မြောက်ပိုင်းဒေသရှိ ဘိုဂို၊ မက်ဒယ်လင်နှင့် ဆန်ရီမီဂျီယိုမြို့များတွင် နေအိမ်၊ အဆောက်အအုံများနှင့် အားကစားကွင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လူအများအပြား ထိခိုက်သေဆုံးခဲ့ကြရသည်။

    လက်ရှိတွင် ဘိုဂိုမြို့ ရှိ ဆေးရုံများတွင် လူနာ ၁၅၀ ကျော်အထိ ရှိနေပြီး၊ ဆေးဝါးနှင့်ကုသရေးလိုအပ်ချက်များ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

    ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပြင်းအား ၅ အဆင့်နှင့် အထက်ရှိသည့် နောက်ဆက်တွဲငလျင်အကြိမ် ၆၀၀ ကျော် ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်ဆိုင်ရာ သိပ္ပံဌာနက ဆိုထားသည်။

    လက်ရှိတွင် စီဘူးပြည်နယ်ကို “ကပ်ဘေးအန္တရာယ်ကျရောက်နေသည့် အခြေအနေ”ဟု  အာဏာပိုင်များမှ ကြေညာထားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပံ့ပိုးပေးရန်၊ အရေးပေါ်ရန်ပုံငွေ (ကပ်ဘေးအန္တရာယ် ရန်ပုံငွေများ) အလျင်အမြန် ရရှိရန်နှင့် ငလျင်ဒဏ်သင့် ပြည်သူများအား ကာကွယ်ရန် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများကို ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

    ဖိလစ်ပိုင်သည် ပစိဖိတ်မီးတောင်ရပ်ဝန်း “Ring of Fire” အတွင်းရှိနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ငလျင်နှင့် မီးတောင်လှုပ်ခတ်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း ဖိလစ်ပိုင်ကမ်းလွန်ပင်လယ်ပြင်အတွင်း ပြင်းအား ၆ ဒဿမ ၇ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး အဆိုပါငလျင်ကြောင့် လူ ၈ ဦးခန့် သေဆုံးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks