spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းတနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

    တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

    -

    တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံ ဘက်ပြောင်းခိုလှုံလာသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

    စစ်ကော်မရှင်တပ် ခလရ ၂၈၀ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၄ ဦးသည် စက်တင်ဘာ ၃၀ ရက်နေ့က KNLA တပ်မဟာ(၄)၊ တပ်ရင်း (၁၁) ထံ လက်နက်မပါဘဲ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

    ထိုဘက်ပြောင်းခိုလှုံလာသူ ၄ ဦးသည် စစ်ကော်မရှင်က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ခံခဲ့ရသူများဖြစ်သည်။

    စစ်မှုထမ်းသင်တန်း တက်ရောက်ပြီး သိန်းခွန်း‌ရှိ ရှေ့တန်းနယ်မြေဘက်သို့ ပို့ဆောင်ခံခဲ့ရကြောင်း ရှေ့တန်းနယ်မြေကနေ ထွက်ပြေးလွတ်မြောက်ပြီး KNLA တပ်ရင်း (၁၁) ထံ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ကြောင်းလည်း KNU က ထုတ်ပြန်ထားသည်။

    အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် စစ်ကော်မရှင်တပ်အတွင်းမှ တပ်သားများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြရန် KNU က တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks