spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစစ်ကော်မရှင် လုံခြုံရေးယူပေးသည့်နေရာများ၌ သီတင်းကျွတ်ကာလဘုရားပွဲများကို အစဉ်အလာမပျက် ကျင်းပသွားမည်

    စစ်ကော်မရှင် လုံခြုံရေးယူပေးသည့်နေရာများ၌ သီတင်းကျွတ်ကာလဘုရားပွဲများကို အစဉ်အလာမပျက် ကျင်းပသွားမည်

    -

    မွန်ပြည်နယ်တွင် စစ်ကော်မရှင် လုံခြုံရေးယူပေးသည့် နေရာများ၌ သီတင်းကျွတ်ကာလအတွင်း အထင်ကရဘုရားပွဲများကို အစဉ်အလာမပျက်ကျင်းပရန် ဒေသအလိုက်အသီးသီးပြင်ဆင်နေကြကြောင်း ဘုရားဂေါပကအဖွဲ့များထံမှ သိရသည်။

    စစ်ကော်မရှင်အဖွဲ့နှင့် ဘုရားဂေါပကအဖွဲ့များမှ လုံခြုံရေးတာဝန်ယူပေးသည့် ကျိုက္ခမီဘုရားပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့(အောက်တိုဘာ ၅ ရက်)မှစ၍ ၇ ရက် ၇ ညတိုင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများဖြင့် ကျင်းပသွားရန်ရှိကြောင်း သိရသည်။

    လက်ရှိတွင် ဘုရား‌ဈေးတန်းများ ဆိုင်ခန်းများကို နေရာချထားပေးလျှက်ရှိပြီး ဆိုင်းခန်းအားလုံး ဈေးသည်များဖြင့် ပြည့်နေပြီးဖြစ်ကြောင်းလည်း ကျိုက္ခမီ‌‌ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ကျိုက်ခမီရေလယ်ဘုရားကြီး၏ လပြည့်နေ့မြင်ကွင်း(ပုံဟောင်း)

    “ လဆန်း ၁၄ ရက်နေ့ကနေစပြီး၊ ညဘောလုံးပြိုင်ပွဲကစပြီး မြန်မာ့ရိုးရာလက်ဝှေ့ကိုတော့ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်လုပ်မယ်။ မနေ့ကအထိဆိုင်ခန်းတွေ ပေးနေပြီးလေ။ ခါတိုင်းနှစ်ထက်များတယ်။ မြေနေရာဆိုပေးစရာ တောင်မရှိတော့ဘူး ရပ်ဝေးက ဈေးသည်တွေရောပဲ။ ဌားမဲ့အခန်တွေရပ်ဝေးကဧည့်သည်အတွက် လူ ၅၀၀ အထိ ပြင်ထားတယ်” ဟု ဆိုသည်။

    လုံခြုံရေးအတွက် စိတ်ချရသည့်အခြေအနေဖြစ်သဖြင့် စစ်အာဏာသိမ်းကာလတွင်လည်း နေ့ရောညပါ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ လာရောက်လေ့ရှိကြောင်းလည်း ဆိုသည်။

    အလားတူ လာမည့် သီတင်းကျွတ်လပြည့်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် တောင်ဖွင့်ပွဲအတွက် ဆိုင်များဖွင့်လှစ်ရန်နှင့် တောင်တက်ကားများပြေးဆွဲရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

    သို့သော် ကမာဝက်မြို့ရှိ ကျိုက်ကမော့ကြီးဘုရားပွဲကို လုံခြုံရေးအခြေအနေများကြောင့် ပျော်ပွဲရွှင်ပွဲများထည့်သွင်းခြင်းမပြုဘဲ နေ့ခင်းဘက်၌ တောင်ပေါ်ဘုရားတက်ခြင်း၊ ဆွမ်းကျွေးခြင်းနှင့် အခြားဘာသာရေးအခမ်းအနားများဖြင့်သာ အကျဉ်းချုံးကျင်းပသွားရန်ရှိနေသည်ဟု ဘုရားပွဲကျင်းပရေး ကော်မတီတာဝန်ရှိသူ တစ်ဦးကပြောသည်။

    “ လုံခြုံရေးကိုတော့ ကိုယ့်ရွာသား အချင်းအချင်းပဲတာဝန်ယူတယ်။ စစ်တပ်နဲ့ ရဲကတော့သူတို့ဘာမှ တာဝန်ယူထားတာမျိုးမရှိဘူး။ အရင်နှစ်ကတော့ အခြားနယ်ကဧည့်သည်တွေလာကြပါတယ်၊ အရင်လိုမျိုး ညအိပ်ဧည့်သည်တွေ ရောက်တာမျိုးတော့မဟုတ်ဘူး မနက်စောစောလာကြတယ် ၊ ၇ ရက်နေ့ ညနေပိုင်းမှာ တော့ ကမာဝက် မှာဘုရားပွဲလှည့်ကြတယ်။ ကိုဗစ်နဲ့အာဏာသိမ်းပြီးကတည်းက အခုအထိပေါ့ ညဘက် ကျိုက်ကမော့ပွဲမဆင်နွှဲဖြစ်တာက” ဟုပြောသည်။

    ယခုနှစ်တွင်လည်း ကျိုက်ကမော့ကြီးတောင်‌‌ပေါ်ဘုရားကို နံနက် ၅ နာရီမှ ညနေ ၆ နာရီအချိန်အတွင်းသာ တောင်ပေါ်ဘုရားသို့ တက်ရောက်ဖူးမျှော်ရန် သတ်မှတ်ထားကြောင်း သိရသည်။

    ၎င်းအပြင် မွန်ပြည်နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ လုံခြုံရေးတာဝန်ယူထားသည့် ကျေးရွာများတွင်လည်း သီတင်းကျွတ်ကာလ ဘုရားပွဲနှင့် ဆွမ်းကြီးလောင်းပွဲကို ဇာတ်ပွဲ၊ ဂီတဖျော်ဖြေပွဲများဖြင့် ကျင်းပရန်လည်း စီစဉ်လျှက်ရှိသည်။

    မွန်ပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်ကာလတွင် ဘုရားပွဲတော်များ ၊ရပ်ကွက်၊ ကျေးရွာအလိုက် ဆွမ်းကြီးလောင်းပွဲများ ပျော်ပွဲရွှင်ပွဲများ ကျင်းပလေ့ရှိသော်လည်း စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံရေးပဋိပက္ခနှင့် စစ်မှုထမ်းအခြေအနေများကြောင့် လူငယ်များပြည်ပသို့ထွက်ပြေးခိုလှုံသွားကြပြီး ဘုရားပွဲများယခင်ကဲ့သို့စည်းကားခြင်း မရှိတော့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks