spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကန်ချနပူရီပြည်နယ်မှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ် ဖြတ်သန်းသွားလာရေးနှင့် ပို့ဆောင်ရေးဆိုင်ရာများကို ဖြေလျှော့

    ကန်ချနပူရီပြည်နယ်မှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ် ဖြတ်သန်းသွားလာရေးနှင့် ပို့ဆောင်ရေးဆိုင်ရာများကို ဖြေလျှော့

    -

    ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ် ထိုင်း–မြန်မာနယ်စပ် ဖြတ်သန်းသွားလာရေးနှင့် ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ညွှန်ကြားရေးဗဟိုကော်မတီ အစည်းအဝေးမှတစ်ဆင့် ထိုင်းအဏာပိုင်များက ဖြေလျှော့ခွင့်ပြုထားသည်ဟု သိရသည်။

    ယမန်နေ့ စက်တင်ဘာ ၂၅ ရက်၊ နေ့လယ် ၁ နာရီခွဲ့ခန့်တွင် ကန်ချနပူရီမြို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၊ ခွဲယိုင်ခန်းမ၌ ထိုင်း-မြန်မာနယ်စပ် ဖြတ်သန်းသွားလာရေးနှင့် တင်ပို့ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးရန်အတွက် ညွှန်ကြားရေးဗဟိုကော်မတီအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

    အစည်းအဝေးအတွင်း လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ဘုရားသုံးဆူနယ်စပ်တစ်လျှောက်ရှိ နေအိမ်များနှင့် အများပြည်သူအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်င်ရန်အတွက် ဘုရားသုံးဆူယာယီနယ်စပ်ဂိတ်မှတစ်ဆင့် ဆောက်လုပ်ရေးပစ္စည်းများတင်ပို့မှုကို ဖြေလျှော့ခွင့်ပေးရန် သဘောတူခဲ့ကြသည်။

     “ပြီးခဲ့တဲ့ သြဂုတ်လကဆို ထိုင်းကနေပစ္စည်းတွေ အဝင်များနေသေးတယ်။ ဒီစက်တင်ဘာလကစပြီးတော့ ပစ္စည်းတွေ မရှိသလောက်နည်းသွားတယ်။ မြန်မာဘက်ကလည်း ထိုင်းကနေတချို့ပစ္စည်းတွေကို ကန့်သတ်နေတယ်။ ဆိုတော့ ထိုင်းကတာဝန်ရှိသူတွေနဲ့ DKBAတို့က ညှိဆွေးနွေးခဲ့ပြီး တင်ပို့မှုကို ဖြေလျှော့လိုက်တာလို့မြင်တယ်”ဟု နယ်စပ်ဘုရားသုံးဆူမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

    ထို့အတူ ဘန်ဖူနမ်ရွန်ဒေသဘက်တွင်လည်း မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲအခြေအနေများ ပုံမှန် ပြန်လည်ရောက်ရှိလာသဖြင့် လူပုဂ္ဂိုလ်များ၊ ယာဉ်များနှင့် ကုန်ပစ္စည်းများကို ပုံမှန်အတိုင်း ဝင်ထွက်ခွင့်ပြုရန် သဘောတူခဲ့သည်။

    အများပြည်သူသုံး လောင်စာဆီတင်ပို့မှုကို ပြီးခဲ့သည့်သုံးနှစ်အတွင်းက သတ်မှတ်ထားသည့် ကိန်းဂဏန်းများအတိုင်းအခြေခံ၍ ပမာဏဖြေလျှော့ခွင့်ပြုထားကြောင်း၊ ဆောက်လုပ်ရေးပစ္စည်းတင်းသွင်းမှုကိုလည်း ဖြေလျှော့ထားကြောင်း သိရသည်။

     “ဘန်ဖူနမ်ရွန်ဘက်မှာက အရင်ကတည်း အဲဒီကနေတင်ပို့မှုတွေ အများကြီးလုပ်တယ်။ ဒါပေမယ့် စစ်အဏာသိမ်းပြီးနောက်မှာ တိုက်ပွဲတွေကလဲခပ်စိပ်စိပ်ဖြစ်လာတော့ အဲဒီဘက်ကိုလည်း သွားလာတာနည်းလာတယ်။ ထိုင်းကလဲ ကန့်သတ်လိုက်တယ်။ ခုချိန်မှာ တိုက်ပွဲဖြစ်တာတွေ နည်းလာတော့ ကန့်သတ်တာတွေပြန်ဖြေလျှော့လိုက်တာဖြစ်မယ်” ဟု ထိုင်း-မြန်မာနယ်စပ်လေ့လာစောင့်နေသူတစ်ဦးက ဆိုသည်။

    သို့သော်လည်း ဘုရားသုံးဆူ နယ်စပ်မှတစ်ဆင့် လျှပ်စစ်မီး၊ အင်တာနက်ဆက်သွယ်မှုနှင့် လောင်စာဆီ ဖြတ်တောက်မှု အစီအစဉ်များကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

    ထိုင်းအဏာပိုင်များက ၆ လတာအတွင်း နယ်စပ်ရေးရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြန်လည်စိစစ်အကဲဖြတ်ခဲ့ပြီး နယ်စပ်တစ်လျှောက် တရားမဝင်မှုများကို တားဆီးနှိမ်နင်းရန်လည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။  

    ယခုအစည်အဝေး၏ ရလဒ်များသည် နယ်စပ်လုံခြုံရေးကို ထိန်းသိမ်းခြင်း၊ နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေးကောင်းများကို မြှင့်တင်ပေးခြင်းနှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများ လိုက်နာရမည့် လမ်းညွှန်ချက်ဘောင်တစ်ခု ဖြစ်လာမည်ဖြစ်ဟုလည်း ကန်ချနပူရီအာဏာပိုင်များမှ ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks