spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း“ရာဂါဆာ” မုန်တိုင်းကြောင့် မွန်အပါ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်

    “ရာဂါဆာ” မုန်တိုင်းကြောင့် မွန်အပါ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်

    -

    တိုင်ဖွန်းမုန်တိုင် “ရာဂါဆာ” ကြောင့် မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အချို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

    မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၂၃ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲ တိုင်းထွာချက်အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” (RAGASA)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေသည်။

    တိုင်ဖွန်းမုန်တိုင်း“ရာဂါဆာ”သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ထိုမှတစ်ဆင့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဗီယက်နမ် နိုင်ငံမြောက်ပိုင်း ကမ်းခြေဒေသများကို အပူပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

    “ရာဂါဆာ” မုန်တိုင်းကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

    မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က “မော်လမြိုင်နဲ့ ရေးမြို့နယ်တွေမှာ နေရာအနှံ့အပြား မိုးသည်းထန်နိုင်တယ်။ ကရင်ပြည်နယ်မှာတော့ တောကြော၊ တောင်စောင်းတွေအနီးမှာ မိုးများနိုင်ပြီး ရုတ်တရက်ရေကြီးနိုင်တယ်။ တနင်္သာရီမှာတော့ နေ့စဉ် မိုးသည်းထန်တာ၊ မိုးရေချိန်ရရှိမှု များနိုင်တယ်” ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

    စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဘင်္ဂလားပင်လယ်အော်ဘက် ဖြစ်ပေါ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းနှင့် စက်တင်ဘာ ၂၅ ရက်နေ့ နောက်ပိုင်းတွင် ဝင်ရောက်လာနိုင်မည့် စူပါတိုင်ဖွန်းမုန်တိုင်း RAGASA ၏ အကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးရွာနိုင်ပြီး နိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်သည်ဟု ဦးဝင်းနိုင်က ခန့်မှန်းသည်။

    မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks