spot_img
Wednesday, September 24, 2025
More
    spot_img
    Homeသတင်းဗန်းမောက်မြို့ကို ထိုးစစ်ပြန်ဆင်ရန် စစ်ကော်မရှင်တပ်နှင့် SNA ကြိုးပမ်းနေ

    ဗန်းမောက်မြို့ကို ထိုးစစ်ပြန်ဆင်ရန် စစ်ကော်မရှင်တပ်နှင့် SNA ကြိုးပမ်းနေ

    -

    လက်လွှတ်လိုက်ရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့ကို ပြန်လည်ရရှိရန် စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တို့က ကြိုးပမ်းနေဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တို့ ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး ​PDF တပ်ဖွဲ့တို့က စက်တင်ဘာလ ၂၀ ရက်နေ့ညက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    “ကျွန်တော်တို့ စပြီးတော့ တိုက်တာ ၁၅ ရက်နေ့ထဲက။ သူတို့က အဲဒီနေ့ထဲက နဲနဲဆီ ဆုတ်ကြတာ။ ဒီ မြို့ပြင်က နတလကို ဆုတ်ပြီး အဲဒီမှာပဲ ခံစစ်ပြင်​တာ။” ဟု မြို့သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် အင်းတော်ပကဖ တာဝန်ခံက ဆိုသည်။

    ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တို့က စက်တင်ဘာလ ၁၅ ရက်နေ့က စတင် ထိုးစစ်ဆင်ခဲ့ပြီး စက်တင် ဘာလ ၂၀ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    လက်လွှတ်လိုက်ရသည့် ဗန်းမောက်မြို့ကို ပြန်လည် ရရှိရန်အတွက် စစ်ကော်မရှင်ဘက်က လေကြောင်းဖြင့် ပစ်ကူပေးနေသလို SNA နှင့် စစ်တပ် အင်အား ထောင်နှင့်ချီလည်း နတလတွင် အင်အားစုနေကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

    စစ်ရေးလေ့လာသုံးသပ်သူက “ဗန်းမောက်က ရွှေထွက်တယ်။ ခဲတွေ၊ ကြေးတွင်းတွေလဲ ဟိုးအရင်ခေတ်တွေထဲက ရှိတယ်။ ဒီနေရာကို ဘာလို့ လက်နက်ကိုင်တွေ ထိုင်နေလဲဆို ပိုက်ဆံရလို့ပဲလေ။ ဒီတော့ မဖြစ်မနေကို ပြန်ရအောင် တိုက်ကြလိမ့်မယ်။” ဟု ပြောသည်။

    စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ အင်းတော်ဒေသနှင့် နီးစပ်သည့် ဗန်းမောက်မြို့သည် ယခင်က စစ်တပ်၏ တပ်မ ၇၇ နှင့် SNA ၏ တပ်မဟာ ၆၁၄ နှင့် ၉၇၂ တို့က အထိုင်ချတပ်စွဲခဲ့သည်။

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် စစ်ကော်မရှင် လက်အောက်ခံ SNA ဗိုလ် ၁ ဦးအပါအဝင် အလောင်း ၇ လောင်း သိမ်းဆည်းရမိပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ၆ ဦးကျဆုံးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

    ၎င်းပြင် စစ်ကော်မရှင်တပ်နှင့် လက်အောက်ခံတပ်ဖွဲ့ စုပေါင်းအင်းအား ၄၀၀ ခန့် အခြေချသည့် နေရာ ၂၀ နီးပါးကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,100SubscribersSubscribe
    spot_img

    Latest posts