spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေး-ထားဝယ်လမ်းပိုင်းကို ညအချိန်လုံးဝအသုံးမပြုရန် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှ သတိပေး

    ရေး-ထားဝယ်လမ်းပိုင်းကို ညအချိန်လုံးဝအသုံးမပြုရန် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုမှ သတိပေး

    -

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ် အဝေးပြေးကားလမ်းမကြီးကို ညအချိန်လုံးဝအသုံးမပြုရန် လမ်းပိုင်းအတွင်း ပူးပေါင်းတိုက်ပွဲဆင်နွှဲနေသည့် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများမှ ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။

    စစ်ကော်မရှင်အဖွဲ့တို့ စစ်ရေးတောက်လျှောက်လှုပ်ရှားနေသည့် ရေး-ထားဝယ် အဝေးပြေးကားလမ်းမကြီးတွင် ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်းနှင့်အတူ ပူးပေါင်းတိုက်ပွဲဆင်နွှဲနေသည့် KNLA တပ်မဟာ (၆)တပ်ရင်း(၂၇)နှင့်တကွ မဟာမိတ်တပ်ပေါင်းစုများမှ လုံခြုံရေးအခြေအနေ လိုအပ်ချက်အရ တားမြစ်လိုက်သည်။

    စက်တင်ဘာ ၂၁ ရက်နေ့မှစ၍ ည ၇ နာရီမှ မနက် ၅နာရီအတွင်း အဆိုပါလမ်းပိုင်းကို ခရီးသွားပြည်သူများ အသုံးမပြုရန်နှင့် နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်မပြန်မခြင်း လုံးဝဖြတ်သန်းသွားလာခြင်းမပြုရန် ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းက ပြောသည်။

    “ဒီလို့တားမြစ်လိုက်တာက စစ်ရေးအခြေအနေအရပေါ့လေ။ စစ်ကော်မရှင်က သူတို့ ဒီရေး-ထားဝယ်ကားလမ်းပိုင်းမှာ တောက်လျှောက်လှုပ်ရှားနေတာ ရေးဘက်မှာရော ထားဝယ်အထိကို သူတို့ လှုပ်ရှားနေတာ လမ်းပိုင်းမှာရော ရွာတွေမှာရော ခိုအောင်းနေတာရှိတယ်”ဟု IMNA ကိုပြောသည်။

    စစ်ရေးဖော်ဆောင်ရာတွင် ပြည်သူများ၏ လုံခြုံရေးလိုအပ်ချက်အရ ဆောင်ရွက်ရခြင်းဖြစ်ခြင်းကြောင်း၊  ပြည်သူနှင့်ရန်သူကို သေသေချာချာ ခွဲခြားနိုင်ရန်ဖြစ်ကြောင်းလည်း ဆိုထားသည်။

    ပုံမှန်အားဖြင့် အဆိုပါလမ်းပိုင်းကို ခရီးသွားပြည်သူများက ညပိုင်းအချိန်တွင် အသုံးပြုခြင်းမရှိသလောက်ဖြစ်နေပြီး  စစ်ရေးနှင့်လုံခြုံရေးအခြေအနေပေါ်မူတည်၍ ပြန်လည်ဖွင့်လှစ်ရန် အကြောင်းပြန်မည်ဟုလည်း တာဝန်ခံက ‌ဆက်ပြောသည်။

    “ဒီလမ်းပိုင်းက ညဘက်ဆို ပြည်သူတွေ တော်တော်များများက အသုံးမပြုကြတော့ဘူး၊ ဒါပေမယ့် ပြည်သူနဲ့ရန်သူကို သေသေချာချာ ခွဲခြားရ‌အောင်လို့ တားမြစ်လိုက်တယ်။ ဆိုတော့ ဘယ်အချိန်ပြန်ဖွင့်ပေးမလဲဆိုတော့ စစ်ရေးအပေါ်မှာပဲ မူတည်တာပေါ့။ စစ်ရေးအခြေ‌အနေအရပဲ ဒီလမ်းကို တားမြစ်ရတာဖြစ်တဲ့အတွက် စစ်ရေးပြီးတဲ့အခါကျမှ ပြန်လည်ဖွင့်ပေးမယ် ဖြစ်ပါတယ်”ဟု ပြောသည်။

    ထို့ကြောင့် ရေး-ထားဝယ် လမ်းပိုင်းအား အသုံးပြုကြမည့် ခရီးသွားပြည်သူများနှင့် နယ်ခံပြည်သူများ နားလည်မှုဖြင့် ပူးပေါင်းပေးရန်လည်း တိုက်တွန်းထားသည့်အပြင် ချိုးဖောက်မှုပြုလုပ်ခဲ့ပါက မလိုလားအပ်သည့် ကိစ္စတစ်စုံတစ်ရာအတွက် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    ရေး-ထားဝယ်လမ်းပိုင်းတွင် ပြီးခဲ့သည့်သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မြေမြှပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သူ ၂ ဦး သေဆုံးခဲ့ရသည်။

    ယခုနှစ်အတွင်း ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် လမ်းပိုင်းပိတ်ဆို့မှု ၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks