Homeသတင်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (International Day of Peace)

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (International Day of Peace)

-

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (International Day of Peace) ဖြစ်ပါတယ်။ ဒီနှစ်က ၂၆ နှစ်မြောက်ဖြစ်ပြီး အသုံးပြုထားတဲ့ Theme ကတော့ ငြိမ်းချမ်းသောကမ္ဘာအတွက် ယခုမှစ၍ လုပ်ဆောင်ကြပါစို့ (Act Now for a Peaceful World) ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနေ့ Peace Day ကို ၁၉၈၁ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ (UN) အထွေထွေညီလာခံက ချမှတ်ခဲ့ပြီး ၂၀၀၁ ခုနှစ်သို့ ရောက်သောအခါ UN ၏ ဆုံးဖြတ်ချက် အမှတ် ၅၅/၂၈၂ ဖြင့် စက်တင်ဘာလ ၂၁ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မြတ်ကြီးအဖြစ် တရားဝင်သတ်မှတ်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို သတ်မှတ်ခဲ့တဲ့လူအများက UN လို့ သိထားကြတဲ့ “ကမ္ဘာ့ကုလသမဂ္ဂ” အဖွဲ့အစည်းဟာလည်း ဒီနှစ်ဆိုရင် နှစ်ပေါင်း ၈၀ ရှိခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီးတဲ့နောက် နောက်ထပ်ဖြစ်လာမဲ့ စစ်ပွဲများရဲ့ အနိဌာရုံကို မမြင်ချင်ကြလို့ နိုင်ငံအချင်းချင်း ပဋိပက္ခပြဿနာကို စစ်ရေးအရ ဖြေရှင်းခြင်းမှ ရှောင်ရှားပြီး စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းအဖြေရှာနိုင်ဖို့အတွက် အဓိကထားဖွဲ့ခဲ့တဲ့ UN အဖွဲ့အစည်းဟာ နှစ်ပေါင်း ၈၀ ကြာတဲ့အထိ တတိယကမ္ဘာစစ် မဖြစ်အောင်ထိမ်းသိန်းနိုင်ခဲ့ပေမဲ့ လတ်တလောဖြစ်ပေါ်နေတဲ့ ရုရှား – ယူကရိန်းစစ်ပွဲ၊ အစ္စရေး – ပါလက်စတိုင်းနဲ့ အာရပ်နိုင်ငံများအရေးအခင်း၊ တိုင်ဝမ် တရုပ် စစ်ရေးပြင်ဆင်မှုအပါအဝင် တရုပ်နိုင်ငံရဲ့ တောင်တရုပ်ပင်လယ်နယ်မြေချဲ့ထွင်မှုတွေက ကမ္ဘာ့ငြိမ်းရေးအတွက် စိုးရိမ်ဖွယ်အခြေအနေကိုရောက်နေပါတယ်။

ဒီကြားထဲမှာ မတော်တဆမဟုတ်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံများရဲ့  ဝေဟင်ပိုင်နက်ထဲကို ရုရှားရဲ့ လေကြောင်းကျူးကျော် စစ်ရေးလှုတ်ရှားမှုတွေကလဲ မီးလောင်ရာလေပင့်သလို အန္တရာယ်ကြီးလှပါတယ်။ 

ပြီးခဲ့သည့်သောကြာနေ့က ရုရှားဂျက်တိုက်လေယဉ် Mi31 (၃) စင်းဟာ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အက်စတိုးနီးယားနိုင်ငံရဲ့ ဝေဟင်ပိုင်နက်ထဲကို အသိမပေးဘဲ ဝင်ရောက်လာပြီး ၁၂ မိနစ်ကြာ ပျံသန်းနေခဲ့ပါတယ်။ ဒီဖြပ်ရပ်နဲ့ပတ်သက်လို့ NATO အဖွဲ့ဝင် တွေက အက်စတိုးနီးယားနိုင်ငံရဲ့ တောင်းဆိုချက်အရ ပုဒ်မ ၄ ဖွင့်ဆိုချက်အတိုင်း မြောက်အတ္တလန်တာကောင်စီ အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ မြောက်အတ္တလန်တာကောင်စီဟာ နေတိုးရဲ့ နိုင်ငံရေးအရ အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့ပါ။ ဒါပေမဲ့ ရုရှားရဲ့  ကျူးကျော်မှုကို စစ်ရေးအရ တုန့်ပြန်မဲ့အစား ကောင်စီက စီးပွားရေးပိတ်ဆို့မှုတဆင့်တက်ပြုလုပ်ခဲ့ပါတယ်။ 

တစ်ချိန်ထဲမှာပဲ အစ္စရေးက ပါလက်စတိုင်း ဟားမာတ်စ်ခေါင်းဆောင်တွေကို လုပ်ကြံသုတ်သင်ဖို့ ကာတာနိုင်ငံထဲကို ဒုံးကျည်နဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့တဲ့အပေါ် ပြန်လည်တုန့်ပြန်ဖို့ စက်တင်ဘာလ ၁၅ ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ အာရပ်-မူဆလင် အရေးပေါ်ထိပ်သီးအစည်းအဝေးကို ခေါ်ယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ကြတယ်။

အလားတူ တောင်တရုပ်ပင်လယ်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်နဲ့ တရုပ်စစ်တပ်တွေရဲ့ ပဋိပက္ခ၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ၊ တိုင်ဝမ်နဲ့ သူ့ရဲ့ မဟာမိတ်အမေရိကာန်ကို ဦးတည်ပြီး တရုတ်စစ်တပ်ရဲ့ အင်အားထုတ်ပြမှုတွေအစရှိတဲ့ ဒီနေ့ဖြစ်ပျက်နေတဲ့ နိုင်ငံတကာပဋိပက္ခတွေက နှစ်ပေါင်း ၈၀ ကြာလာပြီဖြစ်တဲ့ ကုလသမဂ္ဂရဲ့ မူလဦးတည်ချက်ဖြစ်တဲ့ ကမ္ဘာစစ်နောက်ထပ်မဖြစ်ရေးကနေ တဖြည်းဖြည်းဝေးလာနေပြီလားဆိုတာ သုံးသပ်စိုးရိမ်စရာတွေပါ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts