spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်မဟုတ်သည့် ရွေးကောက်ပွဲကို လက်မခံကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ MEC နှင့်ဖယ်ဒရယ်ယူနစ် အဖွဲ့အစည်းများမှ ပူးပေါင်းထုတ်ပြန်

    ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်မဟုတ်သည့် ရွေးကောက်ပွဲကို လက်မခံကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ MEC နှင့်ဖယ်ဒရယ်ယူနစ် အဖွဲ့အစည်းများမှ ပူးပေါင်းထုတ်ပြန်

    -

    ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်မဟုတ်သည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးအရ လုံးဝလက်ခံသွားမည်မဟုတ်သကဲ့သို့ နိုင်ငံတကာမှလည်း အသိအမှတ်မပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် တိုင်းရင်းသားလူမျိုးများကောင်စီ MEC နှင့် ဖယ်ဒရယ်ယူနစ်အဖွဲ့အစည်းများ ယနေ့စက်တင်ဘာ ၂၁ ရက်နေ့တွင် ပူးပေါင်းထုတ်ပြန်ကြေညာထားသည်။

    တိုင်းရင်းသားလူမျိုးများကောင်စီ MEC နှင့် ဖယ်ဒရယ်ယူနစ်အဖွဲ့အစည်းများအနေဖြင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရက်တစ် အစိုးရတစ်ရပ် (Transitional Federal Democratics Government TFDG) ပေါ်ပေါက်ရေးအတွက် ဖက်ဒရယ်အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ (Articles of Federal Arrangement AFTA) ရေးဆွဲရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်လျှက်ရှိသည်။

    ထို့အပြင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ်ချဉ်းကပ်မှု အခြေခံမူဖြင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များတွင် (ရွေးကောက်ခံ) ပြည်သူ့ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်ရာအင်အားစုအားလုံး ပေါင်းစပ်ညှိနှိုင်းလျှက် မဏ္ဍိုင်ကြီး (၃) ရပ်အား တည်ဆောက်ပြီး လက်တွေ့ကျင့်သုံးနေကြပြီးဖြစ်သည်။

    မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် ဖက်ဒရယ်တည်ဆောက်ရေးမူဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး စစ်ကော်မရှင်၏ရွေးကောက်ပွဲသည် လူထုဆန္ဒနှင့်မကိုက်ညီသဖြင့် လက်မခံနိုင်ကြောင်း၊ မိမိတို့၏ဖက်ဒရယ်လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ MEC တာဝန်ခံ ကိုအောင်ဆန်းမြင့်က IMNA ကို ပြောသည်။

     "နိုင်ငံရေးအခင်းအကျင်းကို ဖြေရှင်းနိုင်တာ ကျနော်တို့သွားနေတဲ့ဖယ်ဒရယ်တည်ဆောက်ရေးမူပဲပေါ့နော်။ သူတို့ဘာပဲလုပ်နေလုပ်နေ ဖယ်ဒရယ်တည်ဆောက်ရေးမူနဲ့ ကျနော်တို့ လုပ်စရာရှိတာလုပ်သွားမယ်။ အကယ်လို့ မင်းအောင်လှိုင်က သူလုပ်တဲ့ဟာက တိုင်းရင်းသားတွေလိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အကောင်အထည်မဖော်နိုင်ဘူးဆိုတာ လူထုနဲ့နိုင်ငံတကာကသိသွားပါလိမ့်မယ်၊ကျနော်တို့က သူတို့နဲ့ယှဉ်ပြီးတော့ ကျနော်တို့လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရမှာပဲပေါ့နော်"ဟု ဆိုသည်။

    စစ်မှန်သည့်ဖက်ဒရယ် ဒီမိုကကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လက်ရှိတော်လှန်ရေးအင်အားစုများ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို နိုင်ငံတကာမှ တရားဝင်အသိမှတ်ပြုထောက်ခံရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

    ၎င်းအပြင် ပြည်နယ်၊ လူမျိုးနှင့်ဖယ်ဒရယ်ယူနစ်များ၏ နိုင်ငံရေးပါဝင်မှုအစိတ်အပိုင်းသည် ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးကြီးသောကြောင့် အစုအဖွဲ့များ၏ သဘောထားသည် ပိုပြီးထိရောက်၊ အရေးပါသည်ဟုလည်း ကိုအောင်ဆန်းမြင့်က ဆက်ပြောသည်။

    “ဖယ်ဒရယ်လို့ပြောပြီးဆိုရင် မိုးပေါ်ကကျလာတာမဟုတ်ဘူး၊ ပြည်နယ်တွေ ပြည်ထောင်စုတွေပေါင်းစည်းပြီး ဖွဲ့စည်းမှသာ ဖယ်ဒရယ်ပြည်ထောင်စု ဆိုတာဖြစ်လာမှာလေ အဲ့အတွက် အဓိကကတော့ ပြည်နယ်လူမျိုးတွေနဲ့ ဖယ်ဒရယ်ယူနစ်တွေက နိုင်ငံရေးပါဝင်မှု အစိတ်အပိုင်းမှာအရေး ကြီးတယ်လို့နားလည်တယ်။ ဒါကြောင့် အစုအဖွဲ့တွေရဲ့ သဘောထားကိုထုတ်ပြန်တယ်”ဟု သူက ဆိုသည်။

    အတုအယောင်ရွေးကောက်ပွဲကို လက်တွဲဆန့်ကျင်မည့် တိုင်းရင်းသားလူမျိုးများကောင်စီ MEC နှင့်အတူ ဖယ်ဒရယ်ယူနစ်အဖွဲ့အစည်းများတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP(AD)၊ တအောင်းပြည်ကောင်စီ(TLC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ) (WLB)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် တော်လှန်ရေးအင်အားစုများနှင့် မန္တလေးနိုင်ငံရေးစင်္ကြဖြစ်မြောက်ရေးအဖွဲ့(OFMPP) တို့ ပါဝင်သည်။

    စစ်ကော်မရှင်မှ ၂၀၂၅ ဒီဇင်ဘာ၂၈ တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် မဲဆန္ဒနယ်များအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကိုတောင်းခံခြင်း၊ မဲဆန္ဒနယ် သတ်မှတ်ခြင်းနှင့် ကြိုတင်ဆန္ဒမဲ အတင်းအကြပ်ဆန္ဒပြုရန်လည်း လက်ရှိတွင် အရှိန်မြှင့် လုပ်ဆောင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks