spot_img
Thursday, September 25, 2025
More
    spot_img
    Homeသတင်းစစ်ကော်မရှင်ကျင်းပမည့် တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို MSFC နှင့် MSCC တို့ ပူးပေါင်းဆန့်ကျင်မည်

    စစ်ကော်မရှင်ကျင်းပမည့် တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို MSFC နှင့် MSCC တို့ ပူးပေါင်းဆန့်ကျင်မည်

    -

    မွန်ပြည်နယ်ကို ကိုယ်စားပြုသည့် တော်လှန်ရေးအင်အားစုများဖြစ်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) တို့သည် စစ်ကော်မရှင်မှကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲကို ပူးပေါင်းဆန့်ကျင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

     အဆိုပါ သဘောတူညီချက်ကို စက်တင်ဘာ ၁၆ရက်နေ့က MSFC နှင့် MSCC မှ ပြုလုပ်သည့် အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။

    နှစ်ဖက်အဖွဲ့ဝင်များမှ စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို သုံးသပ်ဖလှယ်ခဲ့ပြီး၊ နိုင်ငံရေးအရ တရားဝင်မှုမရှိသည့် ရွေးကောက်ပွဲဆန့်ကျင်ရေးကို စ၊လယ်၊ဆုံး ကာလသုံးပါးတွင်  MSCC နှင့်အတူ ပူးပေါင်းဆန့်ကျင်မည်ဖြစ်ကြောင်း MSFC ၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဘုန်းမြတ်က ပြောသည်။

    “အတုအယောင်ရွေးကောက်ပွဲက နိုင်ငံရေးအရ တရားဝင်မှုမရှိဘူးလို့ ကျနော်တို့ နာလည်းလက်ခံထားပါတယ်။ စစ်ကော်မရှင်ကလည်း ဒီကာလတစ်လျှောက်မှာ ကျူးလွန်ခဲ့တဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုအာလုံးကို ခွာချချင်တဲ့အတွက် ဒီရွေးကောက်ပွဲကနေ နိုင်ငံရေးထွက်ပေါက်ရှာပြီးတော့ ကြိုးပမ်းလာတာဖြစ်တဲ့အတွက် ပူးပေါင်းဆန့်ကျင်ရခြင်းဖြစ်တယ် ” ဟု MSFC မှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဘုန်းမြတ်က ပြောသည်။

    ၎င်းအပြင် မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများအကြား ရွေးကောက်ပွဲဆန့်ကျင်ရေးတွင် သဘောတူညီရေး၊ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲကို တရားမဝင်ကြောင်း နိုင်ငံတကာထံ စည်းရုံးပြောဆိုရေးတို့ကိုလည်း အထူးအာရုံစိုက်သွားမည်ဟုလည်း သိရသည်။

    ပြည်သူလူထုမှ မဲပေးရွေးချယ်ခဲ့သူထံ ပြည်သူလူထုကို ပြန်လည်ညှင်းပန်းနေသည့် အခြေအနေသို့ မရောက်ရှိရန် MSFC နှင့် MSCC မှ လက်မခံဘဲ ပုံစံအမျိုးမျိုးဖြင့် အချိန်မီကြိုးပမ်း ဟန့်တားသွားမည်ဖြစ်ကြောင်းလည်း  IMNA ကို ပြောသည်။

    “ ရွေးကောက်ပွဲပြီးလို့ ခံရတဲ့အခါကျရင်တော့ သူရဲ့အပြစ်ထက်ကို ခင်ဗျာတို့ရွေးတဲ့အစိုးရကပဲ ခင်ဗျားတို့ကို စီမံခန့်ခွဲတာဖြစ်တယ်။ အုပ်ချုပ်တာဖြစ်တဲ့အတွက် ခင်ဗျားတို့ခံဖို့အတွက် ထိုက်တန်ပါတယ်ဆိုတဲ့ပုံစံ ဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့် ပုံစံအမျိုးမျိုးနဲ့ပေါ့နော် ပြည်သူကိုလည်း သိအောင်လုပ်ရင်းနဲ့ တခြားရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးတော့ လက်မခံတဲ့သူတွေနဲ့လည်း ပူပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု MSCC မှ တာဝန်ရှိသူ ဦးတက်တိုးက ဆိုသည်။

    အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲတွင် MSFC မှ သဘာပတိဖြစ်သူ နိုင်ကောင်းရွက်နှင့်အတူ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းလည်း တက်ရောက်ခဲ့ပြီး MSCC ဘက်မှ ဥက္ကဋ္ဌဒေါက်တာခင်ဆောင်နှင့်အတူ တာဝန်ရှိသူအချို့ ပါဝင်တက်ရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

    ရွေးကောက်ပွဲဆန့်ကျင်ရေးနှင့် ပတ်သတ်၍ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှစ၍ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်ခြင်း၊ အသိပညာပေးခြင်းနှင့် မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်မည့် ပါတီများဆီ အိတ်ဖွင့်စာများ ပေးပို့ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    အထက်ပါ ပူးပေါင်းဆန့်ကျင်ရေး သဘောတူညီချက်များ ရရှိပြီးသည့်အချိန်မှစ၍ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)အနေဖြင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC)နှင့်အတူလက်တွဲပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,100SubscribersSubscribe
    spot_img

    Latest posts