spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအနင်းနှင့်ထင်းရှုးကျေးရွာရှိ စစ်ကော်မရှင်ကင်းပုန်းစခန်းနှစ်ခု တိုက်ခိုက်ခံရ

    အနင်းနှင့်ထင်းရှုးကျေးရွာရှိ စစ်ကော်မရှင်ကင်းပုန်းစခန်းနှစ်ခု တိုက်ခိုက်ခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာအတွင်းရှိ  စစ်ကော်မရှင်ကင်းပုန်းစခန်းနှစ်ခု တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့များထံ ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့က တိုက်ခိုက်ခံခဲ့ရကြောင်း တော်လှန်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။

    အနင်းကျေးရွာဘူတာအနီး အင်အား ၁၅ ဦးခန့်ရှိသည့် စစ်ကော်မရှင် ကင်းပုန်းစခန်းတစ်ခုကို ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်က ပျောက်ကြားစနစ်ဖြင့် တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းတွင် ထင်းရှူးကျေးရွာဘူတာအနီးရှိ စစ်ကော်မရှင် ကင်းပုန်းစခန်းကိုလည်း ဒရုန်းဖြင့် ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်။

    တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ပစ်ခတ်မှုကြောင့် စစ်ကော်မရှင်ဘက်မှ တပ်သား ၄ ဦး သေဆုံးခဲ့သည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးခဲ့သည့် အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ဆိုသည်။

    “မနေ့က ၁၀ နာရီဝန်ကျင်းမှာ ကျမတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အနင်း‌ရွာဘူတာအနီးမှာရှိတဲ့ ရန်သူရဲ့ကင်းပုန်းစခန်းကို ပျောက်ကြားအနေနဲ့ ဝင်ရောက်တိုက်ခဲ့တယ် ရန်သူဘက် ၄ ယောက်သေတာ မျက်မြင်တွေ့ခဲ့တယ်။  ၄ ယောက်မက သေသွားတယ်လို့လည်းကြားတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလဲရှိတယ် ကျမတို့ ဆက်စုံစမ်းနေတုန်းပဲ” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ မိတလဥာဏ်က ပြောဆိုသည်။

    တိုက်ခိုက်မှုနှစ်ခုအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ရာမညတပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ၊ နှင့် တပင်ရွှေထီးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရှိရသည်။

    အနင်းကျေးရွာဘူတာအနီးရှိ စစ်ကော်မရှင် ကင်းပုန်းစခန်း တိုက်ခိုက်ခံရခြင်းကြောင့် လက်နက်ကြီးများဖြင့်ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် တပ်သားအင်းအားများလည်း ပြန်လည်ဖြည်းတင်းထားကြောင်း မိတလဥာဏ်က ဆက်ပြောသည်။

    “ကျမတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြန်ဆုတ်ပြီးနောက်မှာ သူတို့လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ် အင်အားတွေ ပြန်လည်ဖြည့်ထားတာရှိတယ်လို့ သိရတယ်” ဟု သူမက ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့နှင့် ၇ ရက်နေ့ကလည်း ရေးမြို့နယ်၊ နှစ်ကရင်ရွာလမ်းဆုံအနီးရှိ စစ်ကော်မရှင် ကင်းပုန်းဝပ်ရာနေရာနှင့် မော့ကနင်ကျေးရွာအနီးရှိ ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ ဒရုန်းဖြင့်ဆက်တိုက် တိုက်ခိုက်ခဲ့သေးသည်။

    ယခုစက်တင်ဘာလအတွင်း ရေးနှင့်သံဖြူဇရပ်မြို့နယ်ရှိ  စစ်ကော်မရှင် ကင်းပုန်းစခန်းများ မကြာခဏ တိုက်ခိုက်နေခြင်းကြောင်း လုံခြုံရေးအထူးတင်ကြပ်ထားကာ စစ်အင်အားများလည်း ထပ်မံဖြည်းဆည်းထားကြောင်း ဒေသခံတို့က ဆိုသည်။

    တစ်ဖက်တွင်လည်း ရွေးကောက်ပွဲကျင်းပမည့်နယ်မြေများကို နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်များ အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ရန် စစ်ကော်မရှင်တပ်ဖွဲ့မှ မြန်မာနိုင်ငံတောင်ပိုင်းတွင် စစ်ကြောင်းထိုးမှု ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks