spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ဗိုလ်ကြီးနှင့်မိသားစုဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှပစ်ခတ်ရှင်းလင်း

    ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ဗိုလ်ကြီးနှင့်မိသားစုဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှပစ်ခတ်ရှင်းလင်း

    -

    ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ- ၅၉၁ တပ်ရင်းမှ ဗိုလ်ကြီးနှင့် ၎င်း၏မိသားစုဝင်များကို ယမန်နေ့ စက်တင်ဘာ ၁၇ ရက်နေ့မနက်ပိုင်းက ကျောင်းရွာအတွင်းရှိ လမ်းပိုင်းတစ်နေရာတွင် လူငယ်တော်လှန်ရေးအဖွဲ့(YRF)နှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

    ယမန်နေ့က ကျောင်းရွာမှ တပ်ရင်းဘက်သို့ ကားဖြင့်ပြန်လာသည့် စစ်ကော်မရှင် ခမရ-၅၉၁မှ ဗိုလ်ကြီးအပါအဝင် ၎င်း၏မိသားစုဝင်များကို လမ်းတစ်ဝက်အရောက်တွင် တော်လှန်ရေးပူ‌ပေါင်းတပ်ဖွဲ့မှ ကြားဖြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    ဗိုလ်ကြီးဆိုသူသည် သေနတ်ဖြင့် ၄ ချက်အထိ ပစ်ခတ်ခံထားရပြီး သေဆုံးသွားခဲ့ကြောင်း၊ ဇနီးဖြစ်သူလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး အသက်ဆုံးသေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း လူငယ်တော်လှန်ရေးတပ်ဖွဲ့ (YRF)မှ ‌တာဝန်ရှိသူရဲဘော်တစ်ဦးက ပြောသည်။

    “ဗိုလ်ကြီးရယ်၊ သူမိန်းမရယ် သူ့ခလေးရော ကားနဲ့ကျောင်းရွာကနေ ဆေးခန်းကအပြန် လမ်းတဝက်မှာ ကျနော်တို့တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်လိုက်တာ သူ့မိန်းမလည်းထိတယ် ခလေးတော့ မထိဘူး။ ဗိုလ်ကြီးက ၄ ချက်လောက် အပစ်ခံရတယ် ” ဟု ပြောသည်။

    ပစ်ခတ်ခံရသည့် ဗိုလ်ကြီးနှင့် မိသားစုဝင်များကို ရေးဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု ကြားသိရပြီး နောက်ဆက်တွဲအခြေအနေများကို IMNA မှ စုံစမ်းနေဆဲဖြစ်သည်။

    အဆိုပါ ပစ်ခတ်မှုကို လူငယ်တော်လှန်ရေးအဖွဲ့ (YRF) ၊ (KLNA) တပ်ရင်း ၂၇ တပ်ခွဲ (၅) နှင့် တပ်ခွဲ (၃)တို့ ပူပေါင်းဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်ပွားနေရာမှ ထိခိုက်မှုမရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

    ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသည် ခမရ-၅၉၁ တပ်ရင်းနှင့်နီးကပ်နေခြင်းကြောင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ ပြန်လည်ဆုတ်ခွာပြီးနောက် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် ကျောင်းရွာအတွင်းအပြင်နှင့် အနီးတစ်ဝိုက်ရှိ လမ်းပိုင်းများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

    “ပစ်ပြီးတာနဲ့ ကျွန်တော်တို့တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေ ချက်ချင်းပဲ ပြန်ဆုတ်လာတယ် နှစ်ဖက်ထိတွေ့တိုက်ခိုက်တာတော့မဖြစ်ဘူး သူတို့ဘက်က လက်နက်ကြီးမဟုတ်ဘဲ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ် ရွာအတွင်းရွာအပြင်တွေမှာ သူတို့ စစ်ဆေးနေတာရှိတယ်” ဟု အထက်ပါ ရဲဘော်က ဆက်ပြောသည်။

    ရေးမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ဖာလိန်ဒေသအတွင်းရှိ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှုးတစ်ဦး တစ်ချိန်တည်းတွင် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ရသည်။

    ဒေသတွင်းအခြေစိုက်တော်လှန်ရေးပူးပေါင်းတပ်တို့က ရေးမြို့နယ်အတွင်းရှိ စစ်ကော်မရှင် သတင်းပေးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်  ဌာနဆိုင်ရာရုံးဝန်ထမ်းများကို  မကြာခဏ ပစ်ခတ်ရှင်းလင့်လေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks