spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမြဝတီတွင် ညမထွက်ရအမိန့်ကို အချိန်ပြောင်းလဲသတ်မှတ်ထားပြီး အတိအကျလိုက်ရနာရန် လိုက်လံသတိပေး

    မြဝတီတွင် ညမထွက်ရအမိန့်ကို အချိန်ပြောင်းလဲသတ်မှတ်ထားပြီး အတိအကျလိုက်ရနာရန် လိုက်လံသတိပေး

    -

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ညမထွက်ရအမိန့်ကို ည ၉ နာရီမှ မနက် ၅ နာရီအထိ ပြောင်းလဲသတ်မှတ်ထားပြီး အဆိုပါစည်းမျဉ်းစည်းကမ်းများကို အတိအကျလိုက်နာရန် အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနေသည်ဟု မြဝတီမြို့ခံများမှ သိရသည်။

    ယခင်ကညမထွက်ရအမိန့်ကို စစ်ကော်မရှင်မှ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထားသော်လည်း  နယ်မြေရှင်းလင်းရေးနှင့် ထိုးစစ်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသဖြင့် ညမထွက်ရအမိန့်ကို ထပ်မံတင်းကြပ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ မြို့ပေါ်ရပ်ကွက်အားလုံးကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအဖွဲ့များမှ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

    “ညမထွက်ရအမိန့်က အရင်ကတည်းက ရှိတယ်လေ။ ဒါမဲ့ ဒီအတိုင်းပဲ သွားလာနေကြတာ။ အရင်ကတော့ ည ၁၀ နံနက် ၄ ပေါ့လေ၊ ခုကည ၉ မနက် ၅ အထိလို့ ကြားတာပဲ။ အဲ့အချိန်တွေမှာ ဘယ်လျှောက်မသွားကြဖို့ ဘာညာပေါ့လေ”ဟု မြို့ခံတစ်ဦးက ပြောသည်။

    အဆိုပါအခြေအနေကြောင့် မြဝတီမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အခြားဖွင့်လှစ်ထားသည့်ဆိုင်များလည်း သတ်မှတ်ထားသည့်အချိန်တွင် ပိတ်သိမ်းခဲ့ရသည်။

    ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ မြဝတီမြို့ကို ၎င်းတို့ထိန်းချုပ်ထားနိုင်ကြောင်း ပြသလိုသည့်သဘောဖြင့် လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း အထက်ပါမြို့ခံက ပြောသည်။

    “ခုက မြဝတီမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေက ပြန်လည်ရောက်ရှိနေကြပြီးလေ၊ သူတို့ ပြန်လည်ထိန်းချုပ်နိုင်တဲ့အကြောင်းကို ဒေသခံတွေကို သိချင်လို့ အုပ်ချုပ်ရေးမှူးတွေကို ထပ်မံ သတိပေးခိုင်းတယ် ထင်တာပဲ”ဟု ဆိုသည်။

    ညမထွက်အရအမိန့် ထုတ်ပြန်ထားသည့် မြဝတီမြို့တွင် မြို့ခံများ သေနတ်နှင့် ပစ်သတ်ခံရမှု၊ နေအိမ်ဖောက်ထွင်းခံရမှု၊ လုယက်မှု၊ လူပျောက်မှုနှင့် အနုကြမ်းစီးခံရမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

    ပြီးခဲ့သည့်သြဂုတ်လ ၂၇ ရက်နေ့ကလည်း မြဝတီမြို့ပေါ်ရပ်ကွက်နေ မိသားစုဝင် ၃ ဦးကို အမည်မသိသေနတ်သမား ၁ ဦးက လာရောက်ပစ်ခတ်ခဲ့ပြီး ကျူးလွန်သူကိုလည်း ရှာဖွေဖော်ထုတ်ခြင်း မလုပ်ဆောင်နိုင်ခြေင်းမရှိသေးပေ။

    လက်ရှိ မြဝတီမြို့တွင် စစ်ကော်မရှင်တပ်ဖွဲ့များနှင့်အတူ BGF နှင့် DKBA တို့က ပိုမိုထိန်းချုပ်ထားပြီး မြို့အဝင်မြို့အထွက်နေရာများတွင် လုံခြုံရေးတင်းကြပ်ပြီး  စစ်ဆေးရေးဂိတ်များ ထပ်တိုးထားကြောင်းလည်း မြို့ခံများက ဆိုသည်။

    စစ်ကော်မရှင်တပ်တို့က အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုက်နိုင်သည်နှင့်တစ်ပြိုင်နက် မြဝတီမြို့အပါအဝင် အဆိုပါဒေသဘက်ကို အပြည့်အဝထပ်မံထိန်းချုပ်နိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks