spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းတရားမဝင်ဝင်ရောက်လာသူများ မတော်တဆသေဆုံးမှုများကြောင့် ထိုင်းမှစစ်ဆေးတင်းကြပ်ထားသဖြင့် နယ်စပ်တွင် ရွှေ့ပြောင်းလုပ်သားများသောင်တင်နေ

    တရားမဝင်ဝင်ရောက်လာသူများ မတော်တဆသေဆုံးမှုများကြောင့် ထိုင်းမှစစ်ဆေးတင်းကြပ်ထားသဖြင့် နယ်စပ်တွင် ရွှေ့ပြောင်းလုပ်သားများသောင်တင်နေ

    -

    ထိုင်းနိုင်ငံ ကန်ချနပူရီဘက်တွင် အထောက်အထားမဲ့ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ မတော်တဆသေဆုံးနေမှုများကြောင့် ထိုင်းအာဏာပိုင်များမှ စစ်ဆေးတင်းကြပ်ထားသဖြင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသတွင် တရားမဝင်ဝင်ရောက်မည့်သူများ သောင်တင်နေကြသည်ဟု ပွဲစားများထံမှ သိရသည်။

    ကန်ချနပူရီရေလှောင်ကန်တစ်ဝိုက်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့က လူမှောင်ခိုလှေတစ်စင်း မတော်တဆမှုဖြစ်ပွားပြီး ရွှေ့ပြောင်းလုပ်သား ၃ ဦး သေဆုံးခဲ့ရသဖြင့် ထိုင်းအာဏာပိုင်များ တရားမဝင်ဝင်ရောက်နိုင်သည့် လမ်းကြောင်းအားလုံးကို စစ်ဆေးမှုတင်းကြပ်ထားသည်။

    ထို့ကြောင့် မတရားမဝင်ဝင်ရောက်ရန် တာဝန်ယူထားသည့်ပွဲစာများက လူမှောင်ခို ပို့ဆောင်ရန်ခက်ခဲရှိနေပြီး  ရွေ့ပြောင်းလုပ်သားများ ရာနှင့်ချီ ဘုရာသုံးဆူဒေသရှိ ရွာများတွင် စောင့်ဆိုင်းနေရကြောင်းလည်း ပွဲစားနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    “ တစ်ပတ်ကျော်လောက် ကြာအုံးမှာထင်တယ်၊ ပွဲစားက သူတို့ပို့လို့မရသေးတာဆိုတော့ နေနေကြရတုန်းပဲ။ ပွဲစားတွေက ရပ်တဲ့သူတွေလည်း ရပ်နားကြတယ် လှေနဲ့မသွားဘဲနဲ့ အချို့လမ်းကနေရှယ်လမ်းနဲ ဝင်ကြတဲ့သူတွေရှိသေးတယ်”ဟု ပြောသည်။

    ရက်ရှည်ကြာ စောင့်ဆိုင်းရသဖြင့် ရွှေ့ပြောင်းလုပ်သားများ နေထိုင်စရာအခက်အခဲအပြင် အစားအသောက်ရရှိရန် ခက်ခဲရှိနေသူများလည်း ရှိသည်။

    ဘုရားသုံးဆူဒေသအတွင်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရွာဖြစ်သည့် တပ်ရင်း ၃ ရွာ၊ ကြံတောရွာနှင့် ဂျပန်ရေတွင်းရွာများအတွင်း ရွှေ့ပြောင်းလုပ်သားများ တစ်ရွာလျှင်အနည်းဆုံး ၂၀၀ ဝန်းကျင်အထိ ရှိနေသည်။

    ရွှေ့ပြောင်းလုပ်သားများသည် ခရီးစရိတ်အတွက် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိပေးဆောင်ထားရသော်လည်း အသက်အန္တရာယ်အာမခံချက် တစ်စုံတစ်ရာ မရှိသည့်အပြင် ဖမ်းဆီးခံမှုအခြေအနေများအတွက်လည်း အာမခံပေးခြင်းမရှိပေ။

    "ပိုက်ဆံဆိုလည်းများများမတက်နိုင်ရင် ဖြစ်သလိုပဲဝင်ရတယ်။ တစ်ပတ်ဒါမှမဟုတ် ငါးရက်ကြာရင်ကြာနိုင်တယ်၊ ပြီးတော့ ကျမတို့လာတုန်းက မြန်မာငွေ ၁၈ သိန်းအထိပေးရပေမဲ့ လမ်းလျှောက်ရတယ်၊ လှေနဲ့ဝင်တယ်၊ တောထဲမှာစောင့်ရတယ်"ဟု တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

    ယခုရက်ပိုင်းအတွင်း  ရွှေ့ပြောင်းလုပ်သားများ နေ့စဉ်ဖမ်းဆီးခံနေရမှုကြောင့် ပွဲစားများက ၎င်းတို့အကျိုးစီးပွားအတွက် ထိုင်းအာဏာပိုင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ဂျပန်ရေတွင်းရွာရှိ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ရန် ပွဲစားတစ်ဦး၏ နေအိမ်တွင် စောင့်ဆိုင်းနေသည့် လူငယ်တစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ရသေးကြောင်းလည်း သိရသည်။

    ထိုင်းသတင်းအချက်အလက်များအရ ယခုစက်တင်ဘာလအတွင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား ၅၀၀ ကျော်ဖမ်းဆီးခံထားရပြီး ၃ ဦးသေဆုံးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks